ကွတ်ခိုင် အောက်တိုဘာ ၆
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် လူမှုဝန်ထမ်း ဦးစီးဌာနတို့ ပူးပေါင်း၍ မသန်စွမ်းသူများအ ကြောင်းအသိပညာပေး (TALK SHOW)ကို လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့ မွန်းလွှဲ(၃)နာရီအချိန်က ကျင်းပခဲ့သည်။
ဆက်လက်၍ ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းက အသိပညာပေး(Talk Show)အစီအစဥ်များကို Online မှတစ်ဆင့် ကျင်းပပြုလုပ် ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြား၍ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ် မေမြတ်မွန်က လူမှုဝန်ထမ်းဦးစီးဌာနတွင်လုပ်ငန်း(၇)ရပ်တွင် တစ်ခုအပါအဝင်ဖြစ်သည့် မသန်စွမ်းသူများပြုစုစောင့်ရှောက်ရေးလုပ်တစ်ရပ်ပါဝင်ပါကြောင်း၊ မသန်စွမ်းမှုအမျိုးအစားများဖြစ် သည့်အကြားအာရုံချို့ယွင်းခြင်း၊ ကိုယ်အင်္ဂါမသန်စွမ်းခြင်း၊ အမြင်အာရုံချို့ယွင်းခြင်းအခြေအနေနှင့် မသန်စွမ်းသူများ၏အခွင့်အရေးဥပဒေအကြောင်း၊ မသန်စွမ်းသူများအပေါ် ခွဲခြားဆက်ဆံခြင်း၊ အနိုင်အထက်ပြုကျင့် ခြင်းများရှိခဲ့လျှင် ဥပဒေအရ ကာကွယ်ပေးနိုင်မှု ၊စသည့်အကြောင်းအရာများကို မေးမြန်းဆွေးနွေးခဲ့ကြောင်းသိရသည်။
ဌေးဌေး(ကွတ်ခိုင်)