မိုင်းရယ် အောက်တိုဘာ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုများကို ကာကွယ်ထိန်းချုပ်ကုသနိုင်ရေးအတွက် ပြည်သူများအား အသိပညာပေးခြင်း ကို ယမန်နေ့ နံနက်ပိုင်းက မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက် များအတွင်း Hand Speaker ဖြင့်ဆော်ဩမှု ပြုလုပ်ခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ အသိပညာပေးဆော်ဩမှုများကို မိုင်းရယ်မြို့နယ်၊ ပြည်သူ့ စာကြည့်တိုက်တွင် အသံချဲ့စက် Song Box ဖြင့် ဆော်ဩမှုပြုလုပ်ခြင်းများကိုလည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး တေးသီချင်းများဖွင့်လှစ်ခြင်းနှင့် စာကြည့်တိုက်သို့ လာရောက် သူများအား ကိုယ်ပူချိန်တိုင်းခြင်း၊ စနစ်တကျလက်ဆေးစေခြင်းနှင့် နှာခေါင်းစည်း Mask များဖြန့်ဝေခြင်း များကို နေ့စဉ်ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
မိုင်းရယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မိုင်းရယ်မြို့နယ်ရုံး ပူးပေါင်း၍ မြို့ပေါ် ရပ်ကွက်များနှင့် ကိုဗစ်-၁၉ အသိပညာပေးဆော်ဩမှုများကို မြန်မာဘာသာ၊ ရှမ်းဘာသာများဖြင့် စဉ်ဆက်မပြတ် အသိပေးနှိုးဆော်လျက်ရှိသည်။
ဟန်နီခင်