လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူလယ်သမားဘဝ မြင့်မားရေး၊ အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် လယ်ယာကဏ္ဍတိုးတက် ဖွံ့ဖြိုးရေးနှင့် တောင်သူလယ်သမား ဘဝမြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် (၁)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြရွှေဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မလှိုင်မြို့နယ်တွင် ဒုတိယအကြိမ် (ပထမအသုတ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပြီးစီး

မလှိုင်မြို့နယ်တွင် ဒုတိယအကြိမ် (ပထမအသုတ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆး (Sinopharm) အား ယမန်နေ့ မွန်းလွဲ (၁၂) နာရီအချိန်တွင် ရာနှုန်းပြည့် ထိုးနှံပြီးစီးခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက် ထံမှ သိရသည်။

မိုးနဲမြို့၌ ကိုဗစ်-၁၉ ‌ကာကွယ်ဆေးဆက်လက်ထိုးနှံနိုင်ရေး ညှိနှိုင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး တတိယအသုတ် (ပထမအကြိမ်) ဆက်လက်ထိုးနှံပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ် ကမ္ဘောဇခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

ငွေဆောင်မြို့တွင် ပြည်သူများအား နှာခေါင်းစည်း(Mask)များ အခမဲ့ပေးဝေခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအသိပညာ ပေးခြင်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ငွေဆောင်မြို့တွင်ကိုဗစ်-၁၉ရောဂါကူးစက်ဖြစ်ပွားမှုကိုထိရောက်စွာကာကွယ်၊ထိန်းချုပ်၊ကုသနိုင်ရေးအတွက်အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်း များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီချိန်တွင် အ.ထ.က ငွေဆောင် ကျောင်းရှေ့လမ်းဆုံ၌ ပြည်သူများအား နှာခေါင်းစည်း(Mask) အခမဲ့ပေးဝေခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။

ဒေသပေါ်ဆန်းမျိုးများ စားသုံးမှုအရည်အသွေး (EatingQuality) စိစစ်အကဲဖြတ်ရွေးချယ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊မြောင်းမြမြို့နယ်တွင်ဒေသပေါ်ဆန်းမျိုးများစားသုံးမှုအရည်အသွေး(EatingQuality)စိစစ်အကဲဖြတ်ရွေးချယ်ခြင်းအခမ်းအနားကိုယနေ့နံ နက် (၉) နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြရွှေဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

စုကလိမြို့တွင် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမရှိစေရေး စကောကရင်၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေး နှိုးဆော်

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့တွင် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမရှိစေရေး စကောကရင်၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေး နှိုးဆော်ခြင်း လုပ်ငန်းကို ယနေ့နံနက် ၁၁ နာရီအချိန်က စတင်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်ဆောင်ရွက်ခဲ့သည်။

ဝမ်းတွင်းမြို့နယ်အတွင်း Positive Centre များမှ ကျန်းမာရေးကောင်းမွန်လာသူ (၁၂) ဦး ဆေးရုံ ဆင်းခွင့်ရ

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်အတွင်း Positive Centre များမှ ဆေးကုသမှုခံယူနေ သူများအနက် ယနေ့နံနက်ပိုင်းတွင် ကျန်မာရေးကောင်းမွန်လာသူ (၁၂) ဦး ဆေးရုံးမှ ဆင်းခွင့်ရရှိ ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှသိရှိရသည်။

ဟိုပုံးမြို့ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ RDT-Test Kit ဖြင့်အခမဲ့စစ်ဆေးပေးမည်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိကို RDT Test Kit ဖြင့်အခမဲ့စစ်ဆေးပေးမည်ဖြစ်ကြောင်း ဟိုပုံးမြို့ပြည်သူ့ဆေး ရုံမှ သိရသည်။

ဘားအံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကရင်၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အများ ပြည်သူ သိရှိလိုက်နာရမည့် အချက်များအား ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စဉ်ဆက်မပြတ် အသိပညာပေး နှိုးဆော် ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအတွင်း အသိပညာပေး နှိုးဆော်လျက် ရှိကြောင်း သိရသည်။

ပြင်ဦးလွင်ခရိုင် ပြည်သူ့စာကြည့်တိုက် Online Page မှ တစ်ဆင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်

ကိုဗစ် ၁၉ ရောဂါဖြစ်ပွားမှုကြောင့် ခရိုင်ပြည်သူ့စာကြည့်တိုက်မှစာအုပ် စာပေငှားရမ်းမှုများကို ခေတ္တရပ်နား ခဲ့ရာ ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သူများအတွက်လည်း Online မှတစ်ဆင့် စာအုပ် မိတ်ဆက်ခြင်း၊ ကလေးများအတွက် ပုံပြင်ပြောပြခြင်း၊ စက္ကူခေါက်ခြင်း၊ ကဗျာရွတ်ဆိုခြင်း အစီအစဉ်များ ကိုလည်း တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to