ပွင့်ဖြူမြို့နယ်တွင် ယနေ့ ဒေသခံပြည်သူ ၂၂၈၀ ဦး ပထမအကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံ

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်မျှမထိုးနှံရသေးသော အသက်(၁၈) နှစ်အထက် ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဆေးထိုးစုရပ်(၄) နေရာခွဲ၍ ဆက်လက် ထိုးနှံပေးရာ အောက်တိုဘာ ၁၄ ရက် ၊ ယနေ့တွင် ဒေသခံပြည်သူ ၂၂၈၀ ဦး လာရောက်ကာကွယ်ဆေး ထိုးနှံခဲ့ ကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။

မိုင်းလုံမြို့တွင် Online မှတစ်ဆင့် “တပည့်ကျင့်ဝတ်” စာအုပ်ဖြင့် ရုပ်ပုံပြပုံပြောခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများနှင့် ကလေး‌ငယ်များအတွက် အသိပညာဗဟုသုတတိုးပွါးစေရန် ရည်ရွယ်၍ Onlineမှတစ်ဆင့် အသိပညာပေး အစီစဉ်များကို ပြည်သူ့စာကြည့်တိုက် Page များတွင် နေ့စဉ်လွှင့်တင် ဆောက်ရွက်ပေးလျက်ရှိသည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေပိုင်း (၃)နာရီအချိန်က မြို့အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဟိုပန်မြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်တားဆီးရေးလုပ်ငန်း အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဟိုပန်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်တားဆီးရေးလုပ်ငန်းများကို အရှိန်အဟုန် မြှင့်ဆောင်ရွက်နိုင်ရန်အတွက် ယနေ့နံနက်(၁၀)နာရီအချိန်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်း/ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌများနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့သည်။

ငွေဆောင်မြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အသိပညာပေးနှိုးဆော်

ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ငွေဆောင်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံမှုမှ ကာကွယ်နိုင်ရန် ရည်ရွယ်၍ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကိုယမန်နေ့ ညနေ(၃)နာရီအချိန်မှစတင်ပြီးမြို့ပေါ်ရပ်ကွက်များအတွင်းတွင် လည့်လည် အသိပေးနှိုးဆော် မှုပြုလုပ်ခဲ့သည်။

သိန္နီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဦးစားပေးအုပ်စုတွင် ပါဝင်သူများနှင့် အသက်(၄၅)နှစ်အထက်ရှိသူများအား ပထမအကြိမ် (တတိယအသုတ်) ထိုးနှံပေးလျက်ရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်၌ ကိုဗစ် - ၁၉ရောဂါ ကာကွယ်ဆေး ဦးစားပေးအုပ်စုတွင် ပါဝင်သူများနှင့် အသက်(၄၅)နှစ်နှင့် အထက်ရှိသူများအား ပထမအကြိမ် (တတိယအသုတ်) အဖြစ် ယနေ့နံနက် (၈) နာရီအချိန်က သာသနာ့ဗိမာန်တွင် သတ်မှတ် ရက်များ အလိုက် ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည်။

မိုင်းဆတ်မြို့၌ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် အရုပ်ဆက်ပြိုင်ပွဲ ကျင်းပပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ယနေ့နံနက် (၉) နာရီခွဲက အရုပ်ဆက်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် ပြည်နယ်ဝန်ကြီးများ မိုင်းဖြတ်မြို့နယ်၌ ဌာနဆိုင်ရာများနှင့် တွေ့ဆုံ

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် ပြည်နယ်ဝန်ကြီးများသည် ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲကို ယနေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အထကမိုင်းနောင်ကျောင်းတွင် ကိုဗစ် − ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကိစ္စ ညှိနှိုင်း အစည်းအဝေးပြုလုပ်

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်အခြေခံပညာ အထက်တန်းကျောင်းတွင် အသက်(၁၂)နှစ်အထက် ကျောင်းသားကျောင်းသူများ ကိုဗစ် − ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကိစ္စ ညှိနှိုင်းအစည်းအဝေးကို ကျန်းမာရေးဝန်ကြီးဌာန စည်းကမ်းချက်များနှင့်အညီ နံနက်(၉)နာရီအချိန် ကမြတ်ပညာခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
Subscribe to