ငွေဆောင် အောက်တိုဘာ ၁၄
ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ငွေဆောင်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံမှုမှ ကာကွယ်နိုင်ရန် ရည်ရွယ်၍ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကိုယမန်နေ့ ညနေ(၃)နာရီအချိန်မှစတင်ပြီးမြို့ပေါ်ရပ်ကွက်များအတွင်းတွင် လည့်လည် အသိပေးနှိုးဆော် မှုပြုလုပ်ခဲ့သည်။
အဆိုပါကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ရာတွင် မြို့ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်တပ်ဖွဲ့ဝင်တို့ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက် များတွင နေထိုင်ကြသည့် ပြည်သူများအား နေအိမ်ပြင်ပထွက်ခွါပါက နှာခေါင်းစည်း(Mask) စနစ်တကျတပ်ဆင်ကြရန်၊လူအများနှင့် ထိတွေ့ဆက်ဆံပါက မျက်နှာကာ (Face shield)ကိုတွဲဖက် တပ်ဆင်ရန်၊ လူစုလူဝေးရှောင်ရှားရန်၊ လက်ကိုစက္ကန့်၂၀ကြာ မကြာခဏ စနစ်တကျ ဆေးကြောရန်၊ အလုံပိတ်အခန်းများ၊ အဲယားကွန်းအခန်းများ၊ လေဝင်လေထွက် မကောင်းသော အခန်းများသို့ သွားရောက်ခြင်းမှ အတတ်နိုင်ဆုံးရှောင်ရှားရန်၊ ကိုဗစ်-၁၉ရောဂါ သံသယလက္ခဏာများ ပေါ်ပေါက်ပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်၍ စောစီးစွာ ကုသမှုခံယူရန် စသည့်အချက်များကို လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
မူမူ(ငွေဆောင်)