မိုင်းဆတ်မြို့၌ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် အရုပ်ဆက်ပြိုင်ပွဲ ကျင်းပပြုလုပ်

မိုင်းဆတ် အောက်တိုဘာ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ယနေ့နံနက် (၉) နာရီခွဲက အရုပ်ဆက်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများ ကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချ တတ်စေရန်၊ အစုအဖွဲ့အတွင်း ပူးပေါင်းပါဝင် လာတတ်စေရန်နှင့် ဉာဏစွမ်းရည် တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်နှင့်အညီ စီစဉ်ကျင်းပပြုလုပ်ပေးခြင်း ဖြစ်သည်။

အဆိုပါ အရုပ်ဆက်ပြိုင်ပွဲကို အခြေခံပညာ မူလတန်းကျောင်းသား၊ ကျောင်းသူများက လာရောက် ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဆုရရှိသည့်အဖွဲ့အား အမှတ်တရပစ္စည်းများ ပေးအပ် ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)