သိန္နီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဦးစားပေးအုပ်စုတွင် ပါဝင်သူများနှင့် အသက်(၄၅)နှစ်အထက်ရှိသူများအား ပထမအကြိမ် (တတိယအသုတ်) ထိုးနှံပေးလျက်ရှိ

သိန္နီ အောက်တိုဘာ ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်၌ ကိုဗစ် - ၁၉ရောဂါ ကာကွယ်ဆေး ဦးစားပေးအုပ်စုတွင် ပါဝင်သူများနှင့် အသက်(၄၅)နှစ်နှင့် အထက်ရှိသူများအား ပထမအကြိမ် (တတိယအသုတ်) အဖြစ် ယနေ့နံနက်  (၈) နာရီအချိန်က သာသနာ့ဗိမာန်တွင် သတ်မှတ် ရက်များ အလိုက် ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည်။

ကိုဗစ်-၁၉ ရောဂါဆေးများထိုးနှံရာတွင် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသည့် ဘိုးဘွားများ၊ အသက်(၄၅)နှစ်နှင့် အထက်ရှိသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်ပြည်သူများကို သတ်မှတ်နေရာများသို့ လိုက်ပါပို့ဆောင်ပေးခြင်း၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက စာရင်းမှတ်တမ်းရေးသွင်း ကောက်ယူ ခြင်း၊ ကျန်းမာရေးဌာနမှဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်းချိန် တိုင်းတာပေးခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးပြီး  ကျန်းမာရေးကောင်းမွန်သူများသာ  ကာကွယ်ဆေးထိုးနှံ ပေးလျက်ရှိသည်။

သိန္နီမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား သတ်မှတ်စုရပ်နေရာအသီးသီး၌ ထိုးနှံပေးလျက်ရှိရာ အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေသူများကို တတိယအသုတ် ပထမအကြိမ် ဦးစားပေးအုပ်စုအလိုက် မြို့ပေါ် ရပ်ကွက်များအား ဆက်လက်ထိုးနှံပေး လျက်ရှိသည်။

သိန္နီမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) အလုံးရေ (၅၇၃) လုံးရရှိကာကာကွယ် ဆေးတစ်လုံးကို လူငါးဦးထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေး ဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)