ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် ပြည်နယ်ဝန်ကြီးများ မိုင်းဖြတ်မြို့နယ်၌ ဌာနဆိုင်ရာများနှင့် တွေ့ဆုံ

မိုင်းဖြတ် အောက်တိုဘာ ၁၄

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် ပြည်နယ်ဝန်ကြီးများသည် ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲကို ယနေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက အမှာစကားပြောကြားရာ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ လျော့ကျလာပြီဖြစ်သော်လည်း ရှမ်းပြည်နယ်(အရှေ့ပိုင်း) တွင် ရောဂါကူး စက်ပြန့်ပွားမှု တိုးလာပါကြောင်း၊ မကြာမီ ကျောင်းများပြန်လည်ဖွင့်လှစ် ပေးသွားမည်ဖြစ်၍ အသက် (၁၂) နှစ်အထက် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း၊ ဒေသတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု လျော့ကျရေးအတွက် ကြိုးစားထိန်းသိမ်းကြရန် လိုအပ်ပါကြောင်း၊   မြို့နယ် စည်ပင်သာ ယာရေးဌာနအနေဖြင့် မြို့သန့်ရှင်းသာယာလှပရေးကို အလေးထားဆောင်ရွက်ရန်နှင့် ရေနုတ်မြောင်းများ တူးဖော်ရှင်းလင်းခြင်း၊ အမှိုက်များစည်းကမ်းမဲ့ စွန့်ပစ်ခြင်းမရှိရန် လိုအပ်ပါကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းကို ဧကပြည့်မီအောင် စိုက်ပျိုးနိုင်ရန်နှင့် ပုလဲဓာတ်မြေသြဇာကို စနစ်တကျ သုံးစွဲနိုင်ရေး၊ ပိုးသတ်ဆေးများကို အလွန်အကျွံ မသုံးစွဲရေးအတွက် တောင်သူများအား အသိပညာပေး ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မွေးမြူရေးလုပ်ငန်းကို စနစ်တကျမွေးမြူနိုင်ရေး၊ တိရစ္ဆာန်များ သယ်ယူတင်သွင်းခွင့်ကို  ကြပ်မတ်ဆောင် ရွက်ရန်လိုအပ်ပါကြောင်း၊ ကျန်းမာရေးနှင့် ပညာရေးအတွက် လိုအပ်ချက်များကို တင်ပြကြရန်၊ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးများကို လူတိုင်းထိုးရန် လိုအပ်ပါ ကြောင်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့သည်။

ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက မြို့နယ်ကိုဗစ် -၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများအတွက် ထောက်ပံ့ငွေကျပ်(၁၀)သိန်း၊ Oxygeen Concentrator(၃)ခုအားလည်းကောင်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းက ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် နှာခေါင်းစည်း(mask) (၁၀၀၀၀)ခု၊ Sugical Grown (၁၅၀)ခု၊ PPEဝတ်စုံ (၂၀၀)၊ Face Shield(၂၀၀)ခုနှင့် ပိုးသတ်ဆေး(၁၀)လီတာပါ (၃၀)ဗူးတို့အား ထောက်ပံ့ပေးအပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာရဲခေါင်တို့က လက်ခံရယူခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို လည်း ကောင်း၊မြို့မိမြို့ဖဦးထွန်းရွှေက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တင်ဒါခေါ်ရာ၌ ဒေသခံကုမ္ပဏီ လုပ်ငန်းရှင်များကို ဦးစားပေး ခွင့်ပြုပေးနိုင်ရေးနှင့် စပ်လျဉ်း၍ လည်းကောင်း ဆွေးနွေးတင်ပြခဲ့ရာ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားပြီး တွေ့ဆုံပွဲသို့တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)