ဖျာပုံမြို့၌ အမျိုးသမီးများ ဘဝဖွံဖြိုးတိုးတက်စေရန်စက်ချုပ်သင်တန်းဖွင့်

ဖျာပုံမြို့၌ အမျိုးသမီးများ ဘဝဖွံဖြိုးတိုးတက်စေရန်စက်ချုပ်သင်တန်းဖွင့် ဖျာပုံ အောက်တိုဘာ ၇ အောင်ဝင်းနိုင်

မြဝတီမြို့၌ အသက် ၉၀ နှစ်နှင့်အထက် သက်ကြီးရွယ်အိုဘိုးဘွားများအား ထောက်ပံ့ပေးအပ်

ကရင်ပြည်နယ်၊ မြဝတီမြို့၌ အသက်(၉၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား  ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ပစ္စည်းများ‌ထောက်ပံ့လှူဒါန်းခြင်းကို  မြဝတီမြို့ရှိ ရပ်ကွက်များ၌ ယနေ့နံနက် ၁၀ နာရီခန့်က ထောက်ပံ့ပေးအပ်ခဲ့သည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူ ဝန်ထမ်းတစ်ဦး၏ ရင်တွင်း စကားသံ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံ​မြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ ကာကွယ်​ ဆေးထိုးနှံခြင်း၊ ကိုဗစ်-၁၉ ရောဂါ အသိပညာပေးဗီနိုင်းများ၊ ပိုစတာများအား ရပ်ကွက်၊ကျေးရွာများရှိ လမ်းဆုံလမ်းဂွများ၊ စျေးများတွင်ချိတ်ဆွဲခြင်း၊ ကျန်းမားရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအား ရပ်ကွက်ကျေးရွာများ အတွင်း လှည့်လည်နှိုးဆော်ခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူဝန်ထမ်းတစ်ဦး၏ ရင်တွင်းစကားသံ များကို ဖော်ပြပေးလိုက်ရပါသည်။

ရှမ်းပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရှမ်းပြည်နယ် Coronavirus Disease 2019 (ကိုဗစ်-၁၉) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက တောင်ကြီးမြို့ ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ခန္တီးမြို့နယ်တွင် ရွက်ဖြန်းမြေဩဇာနှင့် သဘာဝပိုးပြေးဆေး လက်တွေ့အသုံးချခြင်း သရုပ်ပြပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့နယ်၊ အောင်သာယာရပ်တွင် ရွက်ဖြန်းမြေဩဇာနှင့် သဘာဝ ပိုးပြေး ဆေးလက်တွေ့ အသုံးချခြင်း သရုပ်ပြပွဲကို ယနေ့နံနက် (၉)နာရီအချိန်ကကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ခရိုင်/မြို့နယ် ဦးစီးမှူးများနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။

လမ်းမတော်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm) များ ဆက်လက်ထိုးနှံပေးလျက်ရှိ

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမ‌တော်မြို့နယ်အတွင်း၊ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက်၊ ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်၅၅နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းနှင့် ကာကွယ်ဆေးထိုးနှံရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေကြသည့် နိုင်ငံဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် အများပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉နာရီက အ.လ.က (၁)ကျောင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဆက်လက်ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် ဒက္ခိဏသီရိမြို့နယ် စက်မှုဇုန် အတွင်းနှင့် စက်မှုဇုန်အပြင်ရှိ စက်ရုံအလုပ်ရုံများ လုပ်ငန်းလည်ပတ် ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှု

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်သည် နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီး မင်းနောင်၊ ဦးဇေယျာလင်း၊ ဦးမြင့်စိုး၊ ရဲမှူးကြီး ကိုကိုလွင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် စက်မှုဇုန်အတွင်းနှင့် စက်မှုဇုန်အပြင်ရှိ ရွှင်ထိုက်ထရိတ်ဒင်း ကုမ္ပဏီ လီမိတက် ပလတ်စတစ်စက်ရုံ၊ MAYLP Agiriculture Co.,Ltd စပါးအခြောက်ခံစက်လုပ်ငန်း၊ မြန်မာရွှေသစ် သီးဝလံနှင့် ဟင်းသီးဟင်းရွက်တန်ဖိုးမြှင့်ထုတ် ကုန်ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းများသို့သွားရောက်၍ လုပ်ငန်းများ လည်ပတ် ဆောင်ရွက် နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

လမ်းမ‌တော်မြို့နယ် ကြက်‌ခြေနီ အသင်း၊တပ်ဖွဲ့ Mask Campaign နှင့် ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး အ‌နောက်ပိုင်းခရိုင် လမ်းမ‌တော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်‌‌ရေးအတွက် ပြည်သူများ နေအိမ်မှ ထွက်ခွာတိုင်း ပါးစပ်/နှာခေါင်းစည်း(Mask) များ တပ်ဆင်သွားလာရေး အသိပညာပေးလုပ်ငန်း (Mask Campaign)နှင့် ကျန်းမာရေးဆိုင်ရာ အသိပညာ ပေးခြင်း လုပ်ငန်းများကို ယနေ့ နံနက် (၈) နာရီအချိန်ခန့်က မော်တင် ယာယီဈေးရှေ့၌ ပြုလုပ်ခဲ့သည်။

ကန့်ဘလူမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)နှင့်မြစိမ်းရောင်စီမံကိန်း ကျေးရွာများ ရွေးချယ်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၁- ၂၀၂၂ ဘဏ္ဍာနှစ်(ခြောက်လတာကာလအတွင်း)တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) နှင့်မြစိမ်း ရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် စီမံကိန်း ကျေးရွာ များ ရွေးချယ်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် အောက်တိုဘာ ၇ ရက်နံနက် ၁၀ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to