နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် ဒက္ခိဏသီရိမြို့နယ် စက်မှုဇုန် အတွင်းနှင့် စက်မှုဇုန်အပြင်ရှိ စက်ရုံအလုပ်ရုံများ လုပ်ငန်းလည်ပတ် ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှု

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်သည် နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီး မင်းနောင်၊ ဦးဇေယျာလင်း၊ ဦးမြင့်စိုး၊ ရဲမှူးကြီး ကိုကိုလွင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် စက်မှုဇုန်အတွင်းနှင့် စက်မှုဇုန်အပြင်ရှိ ရွှင်ထိုက်ထရိတ်ဒင်း ကုမ္ပဏီ လီမိတက် ပလတ်စတစ်စက်ရုံ၊ MAYLP Agiriculture Co.,Ltd စပါးအခြောက်ခံစက်လုပ်ငန်း၊ မြန်မာရွှေသစ် သီးဝလံနှင့် ဟင်းသီးဟင်းရွက်တန်ဖိုးမြှင့်ထုတ် ကုန်ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းများသို့သွားရောက်၍ လုပ်ငန်းများ လည်ပတ် ဆောင်ရွက် နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

လမ်းမ‌တော်မြို့နယ် ကြက်‌ခြေနီ အသင်း၊တပ်ဖွဲ့ Mask Campaign နှင့် ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး အ‌နောက်ပိုင်းခရိုင် လမ်းမ‌တော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်‌‌ရေးအတွက် ပြည်သူများ နေအိမ်မှ ထွက်ခွာတိုင်း ပါးစပ်/နှာခေါင်းစည်း(Mask) များ တပ်ဆင်သွားလာရေး အသိပညာပေးလုပ်ငန်း (Mask Campaign)နှင့် ကျန်းမာရေးဆိုင်ရာ အသိပညာ ပေးခြင်း လုပ်ငန်းများကို ယနေ့ နံနက် (၈) နာရီအချိန်ခန့်က မော်တင် ယာယီဈေးရှေ့၌ ပြုလုပ်ခဲ့သည်။

ကန့်ဘလူမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)နှင့်မြစိမ်းရောင်စီမံကိန်း ကျေးရွာများ ရွေးချယ်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၁- ၂၀၂၂ ဘဏ္ဍာနှစ်(ခြောက်လတာကာလအတွင်း)တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) နှင့်မြစိမ်း ရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် စီမံကိန်း ကျေးရွာ များ ရွေးချယ်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် အောက်တိုဘာ ၇ ရက်နံနက် ၁၀ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပျဉ်းမနားမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသံချဲ့စက် များဖြင့် လှည့်လည်အသိပညာပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကို စနစ်တကျ ကာကွယ်ထိန်းချုပ် နိုင်စေရေးအတွက် ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်တွင် အသက်(၈၅)နှစ်အထက်အဘိုးအဘွား(၁၇၃၃)ဦးအား လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် အဘိုး အဘွားများအား နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်၊ (ဧပြီ ၊ မေ ၊ ဇွန်)လအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို အောက်တိုဘာ(၆ )ရက်၊ ယမန်နေ့ နေ့လယ်၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရ သည်။

မိုင်းကိုင်မြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ စက်တင်ဘာလ တတိယပတ်မှစ၍ အောက်တိုဘာလ ပထမပတ်အထိ အသက်(၈၅)နှစ်နှင့် အထက်ဘိုးဘွားများအား လူမှုရေး ပင်စင်များ ထောက်ပံ့ပေးအပ်လျက်ရှိသည်။

အီးအမ်ဘိုကာရှီ သဘာဝမြေဩဇာပြုလုပ်နည်းအား လက်တွေ့ကွင်းသရုပ်ပြပွဲ ပြသဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ အီးအမ်ဘိုကာရှီ သဘာဝမြေဩဇာ ပြုလုပ်ခြင်းနှင့် သုံးစွဲပုံ သုံးစွဲနည်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ နှင့် ဒေသခံတောင်သူများက အောက်တိုဘာလ ၇ ရက်နေ့၊ နံနက်ပိုင်းက အင်းတော်မြို့ နန့်ခင့်ကျေးရွာ အုပ်စု၊ အင်းရွာကျေးရွာ တောင်သူ ဦးချစ်ဖေ၏ မိုးစပါးစိုက်ခင်းအတွင်းတွင် လက်တွေ့ ပြုလုပ်ပြသ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လယ်ဝေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ် (First Dose) အား (၂၄၆၈၃) ဦး ထိုးနှံခဲ့ပြီး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအသုတ် (First Dose) ကို အသက်(၅၅)နှစ်မှ (၆၄)နှစ်ကြားအသက်ကြီးသူများ၊ နာတာရှည်ရောဂါ ခံစားနေရသူများ၊ မသန်စွမ်းသူများ၊ လူအများနှင့် ထိတွေ့ဆက်ဆံနေရသည့် ဝန်ထမ်းများအား စက်တင်ဘာ(၁၆)ရက်မှ စတင်ထိုးနှံလျက်ရှိပြီး ကျန်ရှိသူများကိုလည်း ယနေ့ နံနက်ပိုင်းတွင် ကျေးလက်ကျန်းမာရေးဌာနများ၊ လယ်ဝေးမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ကာကွယ်ဆေးထိုး စင်တာနှင့် တိုက်နယ်ဆေးရုံစသည့် ဆေးထိုး စုရပ်များတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

မန်တုံမြို့တွင် ကိုဗစ်-၁၉ ရောဂါစစ်ဆေး

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိမှုမရှိကြောင်း သိရသည်။

အသက်(၁၂)နှစ်ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေး ထိုးနှံမည့် အခြေအနေများနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်းခြင်း

ရခိုင်ပြည်နယ်တွင် အခြေခံပညာကျောင်းများ၌ ပညာသင်ကြားလျက်ရှိသော အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကူးစက်မြန် ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ပြည်နယ် ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး(စီမံ) ဆရာကြီး ဒေါက်တာ ထွန်းထွန်းသိန်းနှင့် ကာကွယ် ဆေးထိုးနှံမည့် ကျောင်းသား၊ ကျောင်းသူမိဘနှင့် ကျောင်းသားများ၏ ကာကွယ်ဆေးထိုးနှံမှုအပေါ် ရင်ထဲက ခံစားချက်၊ သူတို့၏ မျှော်လင့်ချက်များကို တွေ့ဆုံမေးမြန်းရေးသား ဖော်ပြလိုက်ပါသည်။
Subscribe to