ကျွန်းစုမြို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျွန်းစုမြို့နယ်ရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို အောက်တိုဘာလ(၆)ရက်နေ့က ကမ်းကြီးကျေးရွာအုပ်စု၊ မော်တုံးကြီး ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မှော်ဘီမြို့နယ်၌ အသက်(၆၅)နှစ်အောက်နှင့် အသက်(၅၅)နှစ်အထက် အသက်အရွယ်ရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုနှုန်း လျှော့ချရေးနှင့် ရောဂါကြောင့်သေဆုံးမှုနှုန်း လျော့ကျလာစေရေးတို့အတွက် ဒေသခံပြည်သူများအား ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများနှင့် တာဝန်ရှိသူများ ပူးပေါင်းကာ အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ အသက် ၆၅ နှစ်အောက်နှင့် အသက်(၅၅)နှစ်အထက် ပြည်သူများအား ဦးစားပေးအစီအစဉ်အလိုက် (ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းကို ယမန်နေ့နံနက်အချိန်မှစတင်၍ ဆပ်သွားတော ကျေးရွာမှအသက် ၆၅ နှစ်အောက်နှင့် အသက်(၅၅)နှစ်အထက် ပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မင်္ဂလာဒုံမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး စခန်းတွင် ပြည်တော်ပြန်များကို အာခေါင်တို့ပတ်၊ နှာခေါင်းတို့ပတ်ယူစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊မင်္ဂလာဒုံမြို့ နယ်ထောက်ကြန့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ရေးစခန်းသို့ ရောက်ရှိလာ သည့် ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် အမျိုသား(၂၉)ဦး၊ အမျိုးသမီး(၉)ဦး စုစုပေါင်း(၃၈)ဦးကို ယမန်နေ့ နံနက်(၁၀)က အာခေါင်တို့ဖတ်၊ နှာခေါင်းတို့ ဖတ်ယူ၍ ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ စစ်ဆေးနေကြောင်း သိရသည်။

မြိတ်ခရိုင်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ် ပထမအကြိမ် ထိုးနှံပေးမည့် ဆေး(၄၀၀၀၀) ထပ်မံရောက်ရှိ

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်တွင် ကိုဗစ်ရောဂါ ကာကွယ်ဆေးကို ဦးစားပေးအစီအစဉ် အလိုက် ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် မြိတ်လေဆိပ်သို့ တပ်မတော်လေယာဉ်ဖြင့် မြိတ်ခရိုင်ရှိ လူဦးရေ (၄၀၀၀၀)ဦးအတွက် ဒုတိယအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေးမည့် ကိုဗစ်ကာကွယ်ဆေး ထပ်မံရောက် ရှိလာခဲ့သည်။

ကျောက်ဆည်မြို့နယ်တွင် ပြည်သူများကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လိုက်နာရမည့် အချက်များ သိရှိစေရေး ပေါက်ကုန်း ကျေးရွာတွင် အသိပေးနှိုးဆော်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လိုက်နာဆောင်ရွက်ရမည့် အချက်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၈)နာရီအချိန်တွင် ပြည်ပန်းကျေးရွာအုပ်စု ပေါက်ကုန်းကျေး အုပ်ချုပ်ရေးမှူး၊ လူမှုရေး အသင်းအဖွဲ့ ဝင်များနှင့် ပူးပေါင်း၍ ကျေးရွာအတွင်း လှည့်လည်ကာ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ရန်ကင်းမြို့နယ်တွင် အသက်(၅၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) များထိုးနှံ

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန် အတွက် ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက် ၅၅ နှစ်နှင့်အထက် ပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက ရန်ကင်းမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်၊ မိုးကောင်းဘုရား လမ်းရှိ မိုးကောင်းဆုတောင်းပြည့် စေတီတော်ဝန်းအတွင်းရှိ သာသနာဗိမာန်‌ တော်ကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပိုင်ကျုံမြို့ ပြည်သူ့စာကြည့်တိုက်၌ Online မှတဆင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ကရင်ပြည်နယ်၊ဘားအံခရိုင်၊ပိုင်ကျုံမြို့ ပြည်သူ့စာကြည့်တိုက်တွင် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးကာလအတွင်း စာကြည့်တိုက်သို့ စာအုပ်များ လာရောက် ငှားနိုင်ခြင်းမရှိသည့် ကျောင်းသားလူငယ်မောင်မယ်များနှင့် စာဖတ်ဝါသနာရှင်များ အသိပညာ ဗဟုသုတပိုမို ရရှိစေရန်ရည်ရွယ်၍ Online မှတဆင့် အသိပညာပေးခြင်းလုပ်ငန်းများ နေ့စဉ် ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
Subscribe to