မိုင်းလုံမြို့တွင် Online မှတစ်ဆင့် “တပည့်ကျင့်ဝတ်” စာအုပ်ဖြင့် ရုပ်ပုံပြပုံပြောခြင်း ဆောင်ရွက်

မိုင်းလုံအောက်တိုဘာ ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများနှင့် ကလေး‌ငယ်များအတွက် အသိပညာဗဟုသုတတိုးပွါးစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေး အစီစဉ်များကို  ပြည်သူ့စာကြည့်တိုက် Page များတွင် နေ့စဉ်လွှင့်တင် ဆောက်ရွက်ပေးလျက်ရှိသည်။

ယနေ့မှာတော့ ဒေါ်အိမိုးခိုင်(ငယ်/ရေး)က ကျောင်းသား/ကျောင်းသူများနှင့် ကလေးငယ်များကို သိတတ်လိမ္မာသောတပည့်များ ဖြစ်လာစေရန်၊ ရိုသေလေးစား တတ်သောစိတ်‌နေစိတ်ထားများ ဖြစ်‌လာ‌စေရန်နှင့် ဆရာ၊ ဆရာမများ၏  ဆုံးမသင်ကြားမှုများကို နာခံတတ်စေရန် “တပည့်ကျင့်ဝတ်” စာအုပ်ဖြင့်ရုပ်ပုံပြ ပုံပြောခြင်းကို ဆောင်ရွက်ခဲ့သည်။

ကိုဗစ် - ၁၉ ရောဂါကာလအတွင်း စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာပေ ဝါသနာရှင် များအတွက် အသိပညာဗဟုသုတ တိုးပွါးစေရန် စာအုပ်မိတ်ဆက်ခြင်း၊ ပုံပြောခြင်း၊ ကဗျာရွတ်ခြင်း၊ စက္ကူအရုပ်ခေါက်ခြင်း၊ ကျန်းမာရေးဆောင်းပါး မိတ်ဆက်ခြင်း စသည့် အစီအစဉ်များနှင့် Talk Show အစီအစဉ်များကို ရိုက်ကူး၍ Online မှတစ်ဆင့် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

ဇော်ဇော်(ပြန်/ဆက်)