လေရှီး အောက်တိုဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့၊ မြို့ပေါ်ရပ်ကွက်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ မြို့နယ်ကိုဗစ်ကော်မတီ၏ ကြီးကြပ်မှုဖြင့် ယမန်နေ့ ညနေ ၅ နာရီမှ ၇ နာရီအထိ ကိုဗစ်-၁၉ရောဂါ အသိပညာ ပေးခြင်း များကို လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့ပြုလုပ်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာနတို့က ထုတ်ပြန်ထားသည့် စည်းကမ်းချက်နှင့်အညီ ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့စေရေး မော်တော်ကား တစ်ရက်ထွက်ပြီးလျှင် ယာဥ်မောင်းနှင့် ယဥ်နောက်လိုက်တို့အား RDT Test kit ဖြင့် (၃)ရက်လျှင်တစ်ခါ စစ်ဆေးမှုပြု လုပ်ပြီးမှသာ ပြန်လည်ပြေးဆွဲခွင့်ပြုမည်ဖြစ်ပြီး မြို့နယ်အတွင်း ခရီးသွားလာခြင်းနှင့် ပတ်သက်၍ အရေးပေါ်ကျန်းမာရေးကိစ္စနှင့် နိုင်ငံ့ဝန်ထမ်းတာဝန်မှအပ စသည့်ကိစ္စရပ်များမှ လွဲ၍ အောက်တိုဘာလ(၁၃)ရက်မှ (၁၉) ရက်အထိ ခရီးသွားလာခြင်းများကို ကန့်သတ်ပိတ်ပင် ထားမည်ဖြစ်ကြောင်း သိရသည်။
ဆိုင်းသား(လေရှီး)