ကန့်ဘလူ အောက်တိုဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၁- ၂၀၂၂ ဘဏ္ဍာနှစ်(ခြောက်လတာကာလအတွင်း)တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) နှင့်မြစိမ်း ရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် စီမံကိန်း ကျေးရွာ များ ရွေးချယ်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် အောက်တိုဘာ ၇ ရက်နံနက် ၁၀ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်က စီမံကိန်းကျေးရွာရွေးချယ်ခြင်း နှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တမြို့နယ်ဦး စီးမှူးဒေါ်ခိုင်မာလာဝင်းက စီမံကိန်းကျေးရွာများ ရွေးချယ်ရာတွင် ရွေးချယ်ရမည့် စံသတ်မှတ်ချက်များကို ရှင်း လင်းဆွေးနွေးပြောကြားသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင် ရာတာဝန်ရှိသူများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ဆောင်ရွက်ရန်အတွက် ကျေးရွာ လေးရွာ၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်းဆောင်ရွက်ရန် ကျေးရွာ တစ်ရွာ တို့အား အတည်ပြုရွေးချယ်ပေးခဲ့ကြ ကြောင်းသိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)