လယ်ဝေး အောက်တိုဘာ ၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအသုတ် (First Dose) ကို အသက်(၅၅)နှစ်မှ (၆၄)နှစ်ကြားအသက်ကြီးသူများ၊ နာတာရှည်ရောဂါ ခံစားနေရသူများ၊ မသန်စွမ်းသူများ၊ လူအများနှင့် ထိတွေ့ဆက်ဆံနေရသည့် ဝန်ထမ်းများအား စက်တင်ဘာ(၁၆)ရက်မှ စတင်ထိုးနှံလျက်ရှိပြီး ကျန်ရှိသူများကိုလည်း ယနေ့ နံနက်ပိုင်းတွင် ကျေးလက်ကျန်းမာရေးဌာနများ၊ လယ်ဝေးမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ကာကွယ်ဆေးထိုး စင်တာနှင့် တိုက်နယ်ဆေးရုံစသည့် ဆေးထိုး စုရပ်များတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံသူများအား ကာကွယ်ဆေးမထိုးမီ စာရင်း ရေးသွင်းခြင်း၊ အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် သွေးတွင်း အောက်ဆီဂျင် တိုင်းတာပြုလုပ်ခြင်းများပြုလုပ်ပြီး အလှည့်ကျ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည်။ ထို့နောက် ကာကွယ်ဆေးထိုးနှံပြီးသူများကို မိနစ်(၃၀)ခန့် အနားယူစေပြီး ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ သက်ဆိုင်ရာ ကျန်းမာရေးဌာနဝန်ထမ်းများနှင့် တာဝန်ရှိသူ များက ကျန်မာရေး စောင့်ရှောက်မှု များ ဆောင်ရွက်ပေးလျက်ရှိသည်။
လယ်ဝေးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအသုတ် (First Dose) ကို အောက်တိုဘာ (၆) ရက်နေ့အထိ လူဦးရေ (၂၄၆၈၃) ဦး ထိုးနှံပေးခဲ့ပြီး ကျန်ရှိသူများကို ဆေးထိုးစုရပ်များတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။
ဝေကြည်စန်းအောင်(ပြန်/ဆက်)