လမ်းမတော် အောက်တိုဘာ ၇
ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် လမ်းမတော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ နေအိမ်မှ ထွက်ခွာတိုင်း ပါးစပ်/နှာခေါင်းစည်း(Mask) များ တပ်ဆင်သွားလာရေး အသိပညာပေးလုပ်ငန်း (Mask Campaign)နှင့် ကျန်းမာရေးဆိုင်ရာ အသိပညာ ပေးခြင်း လုပ်ငန်းများကို ယနေ့ နံနက် (၈) နာရီအချိန်ခန့်က မော်တင် ယာယီဈေးရှေ့၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဒလ-ရန်ကုန် သမ္မာန်ဖြင့် ဖြတ်သန်းသွားလာနေသော ပြည်သူများ၊ ဈေးသူ/ဈေးသား များ၊ လမ်းသွားလမ်းလာပြည်သူမျာ ပါးစပ်/နှာခေါင်းစည်း (Mask)များ စနစ်တကျတပ်ဆင်သွားလာရေး အတွက် အသိပညာပေးလုပ်ငန်း (Mask Campaign)များကို လမ်းမတော်မြို့နယ်၊ မြို့နယ်ကြက်ခြေနီ အသင်း/တပ်ဖွဲ့ဝင်များကဦးဆောင်၍ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ပါးစပ်၊ နှာခေါင်းစည်း(Mask)များ စနစ်တကျတပ်ဆင်စေရေးနှင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းချက်များကို သိရှိလိုက်နာစေရေး အသိပညာပေးခဲ့ပြီး ပါးစပ်၊ နှာခေါင်းစည်း(Mask) (၁၅၀၀၀)ခု အား အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
ကျော်ဆန်းမြင့်