တောင်တွင်းကြီး အောက်တိုဘာ ၇
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် အဘိုး အဘွားများအား နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်၊ (ဧပြီ ၊ မေ ၊ ဇွန်)လအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို အောက်တိုဘာ(၆ )ရက်၊ ယမန်နေ့ နေ့လယ်၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရ သည်။
အဆိုပါ လူမှုရေးပင်စင်ထောက်ပံ့ငွေများကို နိုင်ငံတော်မှသက်ကြီးဘိုးဘွားများ သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ရေး အတွက် ရည်ရွယ်ပြီး (၃)လတစ်ကြိမ်ထောက်ပံ့ပေးလျက်ရှိရာ ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ၊ (ဧပြီ ၊ မေ ၊ ဇွန်)လ အတွက်တစ်လလျှင် ထောက်ပံ့ငွေကျပ် တစ်သောင်းနှုန်းဖြင့် မြို့နယ်အတွင်းရှိ အသက် (၈၅)နှစ် အထက် အဘိုးအဘွား(၁၇၃၃)ဦးအတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် (၅၁၉) သိန်းအား အဘိုးအဘွားများ ထံထောက်ပံ့ပေးနိုင်ရေး သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းအောင်ထွေးထံကသိရသည်။ အဆိုပါ ထောက်ပံ့ငွေများကို ယနေ့နံနက်က ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေး ဝန်ထမ်းများက အဘိုးအဘွားများ နေအိမ်များသို့ သွားရောက်ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)