အသက်၁၂နှစ်နှင့်အထက် ကျောင်းသား/သူများကို ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေးထိုး ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အခြေခံပညာကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက် အသက်၁၂နှစ်နှင့်အထက်ကျောင်းသား/သူများကို ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေး ထိုးပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်(၁၁)နာရီက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းဝေးခန်းမတွင်ပြုလုပ်ခဲ့သည်။