မန်တုံ အောက်တိုဘာ ၇
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း များကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိမှုမရှိကြောင်း သိရသည်။
မန်တုံမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ထားရှိသော Quarantine Centre တွင် ယမန်နေ့ မွန်းလွဲပိုင်းအချိန်က Quarantine ဝင်ရောက်သူ (၁၀) ဦးအား သက်ဆိုင်ရာမှ RDT Test Kit ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိမှုမရှိကြောင်း သိရသည်။
မန်တုံမြို့တွင် (၆.၁၀.၂၀၂၁)ရက်နေ့ထိ ပိုးတွေ့ရှိသူ(၆၃)ဦး၊ ကုသရေးစင်တာမှ ဆင်းခွင့်ရရှိသူ (၂၇)ဦး၊ ဆေးကုသမှု ခံယူနေသူ (၃၆) ဦးနှင့် သေးဆုံးသူမရှိကြောင်း သိရသည်။
မန်တုံ ပြန်/ဆက်