မိုင်းကိုင် အောက်တိုဘာ ၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ စက်တင်ဘာလ တတိယပတ်မှစ၍ အောက်တိုဘာလ ပထမပတ်အထိ အသက်(၈၅)နှစ်နှင့် အထက်ဘိုးဘွားများအား လူမှုရေး ပင်စင်များ ထောက်ပံ့ပေးအပ်လျက်ရှိသည်။
အဆိုပါထောက်ပံ့မှုတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ဧပြီ၊ မေ၊ ဇွန် သုံးလစာအတွက် အသက် (၈၅)နှစ်နှင့် အထက် ဘိုးဘွား တစ်ဦးလျှင် ငွေကျပ် ၃၀၀၀ဝိ/- ဖြင့် မြို့ပေါ်ရပ်ကွက်(၅)ခုတွင် ၄၇ ဦး၊ ကျေးရွာအုပ်စုများတွင် ၂၀၈ ဦး၊ ဘိုးဘွားပေါင်း ၂၅၅ ဦး အတွက် စုစုပေါင်းထောက်ပံ့ငွေ ၇၆၅၀၀၀ဝိ/- ကို မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဆုမွန်နောင်နှင့် ဝန်ထမ်း များ၊ သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စု တာဝန်ရှိသူများက ကွင်းဆင်း၍ ဘိုးဘွားများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။
ချော(မိုင်းကိုင်)