မိုင်းငေါ့ အောက်တိုဘာ ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မိုင်းငေါ့ တိုက်နယ် ကျန်းမာရေးဌာနမှ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm အမျိုးအစားကို ဆက်လက်ထိုးနှံပေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို မိုင်းငေါ့မြို့ အတွင်းရှိ အသက်(၁၈)နှစ်အထက် ကျား(၅၁) ဦး၊ မ(၄၉)ဦး၊ စုစုပေါင်း(၁၀၀)ဦးတို့အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို တိုက်နယ်ကျန်းမာရေးဌာနမှ ကျန်းမာရေးဆရာမ ဒေါ်နန်းခင်မျိုးဦး နှင့်အဖွဲ့က တာလုံ ရပ်ကွက်ရှိ အ.မ.က ကျောင်း၌ ထိုးနှံပေးခဲ့သည်။
ကာကွယ်ဆေးမထိုးနှံမီ အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်းချိန်ခြင်း စသည့် ကျန်းမာရေး စစ်ဆေးခြင်း လုပ်ငန်းပြီးမှ ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်ကြောင်း၊ ကာကွယ်ဆေး ထိုးနှံပေးပြီးပါကလည်း နာရီဝတ်ခန့် စောင့်ကြည့်ပေးသွားမှာ ဖြစ်ကြောင်း မိုင်းငေါ့ တိုက်နယ် ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရပါသည်။
မြင့်သွယ် (မိုင်းငေါ့ ပြန်/ဆက်)