လားရှိုးမြို့၌ ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေး အသက်(၄၅)နှစ်နှင့်အထက်ရှိသူများအားဆက်လက်ထိုးနှံပေးလျက်ရှိ

လားရှိုး အောက်တိုဘာ  ၁၀

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၌ ယနေ့နံနက်(၉)နာရီအချိန်မှကစတင်ကာ အသက(၄၅)နှစ်နှင့် အထက်ရှိသူ မည်သူမဆို ကိုဗစ်(၁၉) ရောဂါကာကွယ်ဆေးထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရသည်။ ယခုအကြိမ်ထိုးနှံပေးမည့် ကိုဗစ်(၁၉) ရောဂါကာကွယ်ဆေးသည် ဆေးတစ်လုံးလျင်လူ(၅)ဦးထိုးနှံနိုင် ကြောင်းလည်း သိရသည်။

ဆေးထိုရပ်များအနေဖြင့် ယခင်ထိုးနှံပေးခဲ့သောနေရာများဖြစ်သည့်လားရှိုး ပြည်သူ့ဆေးရုံကြီး ကုတင် (၅၀၀)၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းတို့၌ဆေး ထိုးနှံပေးသွားမည်ဖြစ်ပါသည်။အသက်(၄၅)နှစ်နှင့်အထက်ရှိသူ မည်သူမဆိုလာရောက်ကာ ကိုဗစ်(၁၉)ကာကွယ်ဆေးကို ထိုးနှံနိုင်ပြီးဆေးထိုးလာသည့်အချိန်တွင် မှတ်ပုံတင်ယူဆောင်လာရမည် ဖြစ်ပါသည်။

အဆိုပါ ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးထိုးပေးနေမှုများအား လားရှိုးခရိုင်စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးဝင်းမြင့်က လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဟန်ဌေး