ရေဦးမြို့တွင် ဖျက်အားပြင်းပိုးမွှား ကင်းထောက်မှတ်တမ်း‌ယူခြင်းနှင့် ဥကပ်ပါးနဂျီ လွတ်ပွဲ ကျင်းပ

ရွှေဘို ၊အောက်တိုဘာ ၁၀

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် မုတ်စီကျေးရွာရှိ မိုးစပါးစိုက်ခင်းများတွင် ဖျက်အားပြင်းပိုးမွှား ကင်းထောက် မှတ်တမ်းယူခြင်းနှင့် ဥကပ်ပါးနဂျီလွတ်ပွဲကို ယနေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း ရွှေဘိုခရိုင်စိုက်ပျိုးရေးဦးစီးဌာန မှသိရ သည်။

 

ရှေးဦးစွာ ရေဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဦးမိုးနိုင်ထွန်းက ကအဖွင့်အမှာစကား ပြောကြား ခဲ့ပြီး  ရွှေဘိုခရိုင် စိုက်ပျိုးရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်မောင်ဆွေမှ ပိုးမွှားရောဂါကြိုတင် ကာကွယ် နှိမ်နင်းရန် ဆောင်ရွက်ရမည့်အချက်များကို  ရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် ခရိုင်သီးနှံ ကာကွယ်ရေးတာဝန်ခံ ဒေါ်မာချိုမှ ဥကပ်ပါးနဂျီ လွတ်၍ ဇီဝနည်းဖြင့် ပိုးမွှားကာကွယ်နှိမ်နင်းရသည့် အကြောင်းအရင်းများနှင့်  ပိုးမွှားရောဂါကြိုတင်ကာကွယ် နှိမ်နင်းရန်၊ ဓါတုပိုးသတ်ဆေးများ လျော့ချနိုင်စေရန်၊ သီနှံဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်း နည်းစနစ်များကို လိုက်နာကျင့်သုံးတတ်စေရန်၊ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှုအန္တရာယ်ကို လျော့ချနိုင်စေရန် စသည့်အကျိုးကျေးဇူးများရရှိစေရန် ရည်ရွယ်၍ ဇီဝသက်ရှိများ စိုက်ခင်း အတွင်းလွှတ်၍ ကာကွယ်နှိမ်းနင်းရခြင်းဖြစ်ကြောင်းနှင့် ခရိုင်မျိုးစေ့တာဝန်ခံဒေါ်မေကြွယ်ဝင်းမှ မျိုးကွဲနှုတ်ပယ်ခြင်းကြောင့် ရရှိလာ မည့်အကျိုးကျေးဇူးများရှင်းလင်းဆွေးနွေးခဲ့ကြသည်။

 

ထို့နောက် မုတ်စီကျေးရွာရှိ တောင်သူဦးစိန်ညွှန့် ၏ဘက်စုံပိုးမွှားကာကွယ်နှိမ်နှင်းနည်း စံပြကွက်နှင့် မျိုးစပါးထုတ်ကွက်တွင် ဖျက်အားပြင်းပိုးမွှားကင်းထောက်ကောက်ယူခြင်းနှင့် တောင်သူ(၈)ဦး၏ မိုးစပါးစိုက်ခင်း (၁၅)ဧကတွင် ဥကပ်ပါးနဂျီများ လွတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသော တောင်သူများကို  သဘာဝပိုးသတ်ဆေးများနှင့် ဥကပ်ပါး နဂျီက‌ဒ်များကို တာဝန်ရှိသူများမှ ပေးအပ်ခဲ့သည် ။

 

ခရိုင်(ပြန်/ဆက်)