သီပေါမြို့နယ်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု(၁၀၁)စုအတွက် အခြေခံစားသောက် ကုန်များလှူဒါန်းပေး

သီပေါ အောက်တိုဘာ ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များမှ အခြေခံလူတန်းစား အိမ်ထောင်စုများအား လားရှိုးမြို့နယ်၊ နောင်မွန်ကျေးရွာနေ K.S(2) စက်ပစ္စည်း အရောင်းဆိုင်၊ အောင်ခိုင်မိုး စားသောက်ဆိုင်၊ ပြည့်စုံလ္ဘက်ရည်ဆိုင်၊ အငယ်ကောင် ကားလေးဝပ်ရှော့စသည့်  စေတနာရှင် အလှူရှင်များ စုပေါင်း၍ ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများ အစားအသောက် အဆင်ပြေစေရန်အတွက် အခြေခံ စားသောက်ကုန် ပစ္စည်းများကို ယမန်နေ့နံနက်ပိုင်းက လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းပေးရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်၍ တစ်အိမ်ထောင်လျှင် ဆန်၊  ဆီ၊ ခေါက်ဆွဲခြောက်၊  ကြက်သွန်နီ၊ ကြက်ဥစသည့် အခြေခံ စားသောက်ကုန်ပစ္စည်း()မျိုးစီကို  သီပေါမြို့ပေါ် ရပ်ကွက်(၁၁)ရပ်ကွက်မှ  အိမ်ထောင်စု (၁၀၁)စု ထံသို့ လက်ဝယ်အရောက် သွားရောက်လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။

ခင်လေး(ပြန်/ဆက်)