နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre )၌ စာဖတ်ဝိုင်းဆွေးနွေး

နောင်ချို အောက်တိုဘာ ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club ) အမျိုးသမီးအသင်း (Women Club) လူငယ်အသင်း (Youth Club) တို့ပူးပေါင်း၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဒေါ်သန်းသန်းထွေး  ဦးစီးအရာရှိ (တာဝန်ပေး)က စာဖတ်ဝိုင်းဆွေးနွေး ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက် စာကြည့်တိုက် လက်ထောက်- ဒေါ်အိအိစိုး၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (BookClub)ဥက္ကဋ္ဌ ဦးပေါင်ခန့်လန်၊ အတွင်းရေးမှူးဦးအေးမြင့်၊ အဖွဲ့ဝင် ဦးတင်အောင်သိန်း၊ အမျိုးသမီးအသင်း (Women   Club)ဥက္ကဋ္ဌ ဒေါ်ရွှေဇင်ဦးတို့က  စာရေးဆရာမောင်မင်းစိုး၏  “လူငယ်နဲ့ အပြောင်းအလဲစာအုပ်ပါ အကြောင်းအရာများနှင့် ပတ်သက်၍ ၎င်းတို့၏ အတွေး၊ အမြင်၊ အသိများကို အသီးသီး အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲများကို ဖွဲ့စည်းထားသော Club အဖွဲ့များနှင့် လည်းကောင်း၊ စာပေဝါသနာရှင်များနှင့် လည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန၌ လစဉ်ပြုလုပ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ထွေးငယ်(ပြန်/ဆက်)