တန့်ဆည်မြို့တွင် သဘာဝမြေသြဇာနှင့်သဘာဝပိုးသတ်ဆေးကွင်းသရုပ်ပြပွဲ ကျင်းပ

တန့်ဆည် အောက်တိုဘာ  ၁၀

 

သဘာဝမြေသြဇာနှင့်သဘာဝပိုးသတ်ဆေးကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က တန့်ဆည်မြို့ တောင်သူ ဦးမျိုးဝင်း၏(ကွင်းအမှတ် ၁၁၀ A) မျိုးစေ့ထုတ်ကွက်တွင် ပြုလုပ်ခဲ့ ကြောင်း သိရသည်။

 

ပြပွဲတွင် တိုင်းစိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ကိုယ်စား မုံရွာမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စိုးမင်းက အဖွင့်စကားပြောကြားပြီး တန့်ဆည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးအုန်းကျော်မြင့်က ကွင်းသရုပ်ပြပွဲပြုလုပ်ရခြင်းကို ရှင်းလင်းပြောကြားသည် ဆက်လက်၍တောင်သူဦးမျိုးဝင်းက လက်တွေ့ဆောင်ရွက်ထားမူ၊ သဘာဝမြေသြဇာ သဘာဝပိုးသတ်ဆေးပြုလုပ်သုံးစွဲပုံများကို ပြောကြားပြီးတက်ရောက် လာသော တောင်သူများ၏ မေးမြန်းမူများကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် တက်ရောက်လာ သူများက မိုးစပါးစိုက်ပျိုးဖြစ်ထွန်းနေမူများကို လှည့်လည် ကြည့်ရူကြသည်။ တောင်သူဦးမျိုးဝင်းသည် ကောက်ကွက်ကျဲ ပျိုးသက်နု(SRI)စနစ်ဖြင့် ဧရာမင်း ၄•၅ ဧက ရွှေဘိုပေါ်ဆန်း ၄•၅ ဧက ကိုစိုက်ပျိုးရေး ဦးစီးဌာန၏ နည်းပညာ ပံ့ပိုးမူဖြင့်စပါးမျိုး(FS) မျိုးစေ့အဆင့်ကိုတဧကမျိုးနို့ဆီဗူး (၅)ဗူး၊ပျိုးသက် ၁၂ ရက်တွင်စိုက်စနစ် ၁၅ လက်မတန်းကြား ပတ်လည်စိုက်ပျိုးထားပြီးစိုက်ရက် ၁၄ ရက်နှင့် ၂၄ ရက်တွင် လက်ပေါင်း တမန်းနှိုးကရိယာဖြင့်တမန်းနှိုးရကြောင်း မြေသြဇာ၊ ပိုးသတ်ဆေးများကိုဓါတုလွတ်အသုံးပြုထားကြောင်းယမန်နှစ်ကတဧက စပါး ၁၀၇ တင်းထွက်ကြောင်းသိရှိရသည်။ ကွင်းသရုပ်ပြပွဲ သို့ မြို့နယ် အဆင့်တာဝန်ရှိသူများ၊စိုက်ပျိုးရေးဝန်ထမ်းများနှင့်တောင်သူ ၅၀ ဦးတက်ရောက်ခဲ့ ကြောင်းသိရသည်။

ညိုထွန်း(တန့်ဆည်)