မင်းဘူး အောက်တိုဘာ ၁၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း များမှ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ (၆၂၀၀)ကျော်အား ကိုဗစ်ကာကွယ်ဆေး များထိုးနှံပေးနိုင်ရေး စီစဉ်ဆောင်ရွက်နေပြီး ဆေးထိုးစင်တာ (၉)ခုဖွင့်လှစ်ကာ ထိုးနှံပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
“ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ်အတွင်းရှိ ခြေခံပညာ အလယ်တန်း၊ အထက် တန်း၊ ဘကကျောင်းနှင့် ကိုယ်ပိုင်ကျောင်းများမှ အသက် (၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများကို မင်းဘူး(အ.ထ.က-၁)၊ စကု(အ.ထ.က)၊ ကျောက်စံ၊ ခန်ကုန်း၊ လေးပင်၊ အိုင်းမ(ဆည်တော်)၊ ဆင်ခေါင်း၊ မုန်တောင်၊ ရွာသာယာ စသည့် အခြေခံပညာ အထက်တန်း ကျောင်းခွဲများရှိ ဆေးထိုးစင်တာ(၉)ခုတွင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း” မြို့နယ် ပညာရေးမှူး ဦးအောင်ဇော်က ပြောသည်။
မင်းဘူး(စကု)မြို့နယ် အတွင်း၌ အခြေခံပညာကျောင်းပေါင်း (၈၈)ကျောင်း၊ ဘကကျောင်း (၁) ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၃)ကျောင်း၊ စုစုပေါင်း (၉၂)ကျောင်းမှ အလယ်တန်းနှင့် အထက်တန်းအဆင့် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသားဦးရေပေါင်း (၆၂၆၃)ဦးအား ဆေးထိုးစင်တာ (၉)နေရာခွဲ၍ ကိုဗစ်ကာကွယ်ဆေးများကို Phase-3 ပထမအကြိမ်အဖြစ် အောက်တိုဘာ ၁၄ ရက်နေ့မှ စတင်ကာထိုးနှံပေးသွာမည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)