ဟိုင်းကြီးကျွန်း အောက်တိုဘာ ၁၁
ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၊ ပြင်ခရိုင်ကျေးရွာကျေးရွာအုပ်စုတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ငပုတောမြို့နယ် ဦးစီးမှူးရုံးမှ ဦးဖြိုးဝေစိုး ဦးဆောင်၍ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးလုပ်ငန်းများကို အောက်တိုဘာလ ၉ ရက် နေ့နှင့် ၁၀ ရက် နေ့တို့တွင် နံနက်ပိုင်းမှစ၍ ပြင်ခရိုင် အထက်တန်းကျောင်းတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ကျန်းမာရေး၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ပြီး ၁၀ နှစ်နှင့်အထက် နိုင်ငံသားကတ် ကျား (၂၅)ဦး၊ မ (၁၉)ဦး၊ ၁၈ နှစ်နှင့်အထက် ကျား(၂၂)ဦး ၊ ၁၀ နှစ်မှ ၁၈ နှစ်ပြည့် လဲလှယ်ရာတွင် ကျား (၄၆) ဦး၊ မ (၇၀)ဦး၊ ပျောက်ဆုံး၊ ပျက်ဆီးထုတ်ပေးခြင်းတွင် ကျား(၁၀၀)ဦး ၊မ(၈၉)ဦး စသည့် ကတ်အမျိုးမျိုး ဆောင်ရွက်ပေးခဲ့ရာ ပြင်ခရိုင်ကျေးရွာအုပ်စုအတွင်း စုစုပေါင်း ကျား (၁၉၃)ဦး၊ မ(၂၀၉)ဦး၊ စုစုပေါင်း (၄၀၂)ဦးကို ဆောင်ရွက်ပေးခဲ့ပြီးကြောင်း သိရသည်။
နွေးနွေးအောင် (ပြန်/ဆက်)