​ရေတာရှည်မြို့နယ်အတွင်း အသက်(၁၂) နှစ်အထက် ကျောင်းသား/ကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံဖို့ စီစဉ် ဆောင်ရွက်ထားရှိမှုအား မြို့နယ်ပညာရေးမှူး ဒေါ်ခင်သက်ဦးနှင့် တွေ့ဆုံမေးမြန်း

ရေတာရှည်  အောက်တိုဘာ ၁၁

မေး ။ နိုင်ငံတော်အစီအစဉ်နဲ့ အသက်(၁၂) နှစ်အထက် ကျောင်းသား/ကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံဖို့ စီစဉ် ဆောင်ရွက်ထားရှိမှု အခြေအနေလေးကို သိချင်ပါတယ်ရှင့်။

ဖြေ။       ရေတာရှည်မြို့နယ်အတွင်း အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးဖို့အတွက် ကာကွယ်ဆေးထိုးစုရပ် (၅)ခု စီစဉ်ထားရှိ ပါတယ်။  တစ်နေ့ကို လူဉီးရေ ၁၀၀၀ ခန့် ဆေးထိုး​ပေးဖို့အတွက် လျာထားပါတယ်။ ကျောင်း အုပ် အပါအဝင် ဆရာ၊ ဆရာမများ အားလုံး မြို့နယ်ကြီးကြပ်ရေး- ဦး ကွန်ပျူတာ စာရင်းသွင်းရန် (၂) ဦး စီစဉ်ထားရှိပြီး ဆေးထိုးစုရပ်တွေမှာ ထိုးနှံမယ့်ကျောင်းတွေကိုလည်း နေ့ရက်အလိုက် ကြိုတင်အ​သိ​ပေး စီစဉ်ထားရှိပါတယ်။

မေး။      ကာကွယ်ဆေးထိုးနှံဖို့အတွက် ဆေးထိုးစုရပ်တွေစီစဉ်ထားရှိမှုနဲ့ ထိုးနှံပေးမယ့်ရက်တွေကို သိပါရစေရှင့်။

ဖြေ။ ။ ကာကွယ်ဆေးထိုးစုရပ် နေရာ​တွေအနေနဲ့ ..က(ရေတာရှည်)၊ အ..က (ဆွာ)၊ အ..က (သာဂရ)၊ အ..က(မြို့လှ)၊ ..က (ရေနီ) တို့မှာ စီစဉ်ဆောင်ရွက်ထားပါတယ်။ ရေတာရှည်မြို့နယ်အတွင်း ကျောင်းသား၊ကျောင်းသူများကို ၁၄.၁၀.၂၀၂၁ ရက်နေ့ကစတင်ပြီး ကာကွယ်ဆေးထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။           

မေး။   ရေတာရှည်မြို့နယ်အတွင်းမှာရှိတဲ့ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ကျောင်းသူ ဦးရေ ဘယ်လောက်ရှိလဲ သိချင်ပါတယ်ရှင့်။ 

ဖြေ။  ။ ​ရေတာရှည်မြို့နယ်အတွင်းမှာ ကာကွယ်ဆေးထိုးနှံပေးဖို့ လျာထားတဲ့ အသက်(၁၂)နှစ် အထက် ကျောင်း သား၊ ကျောင်းသူဦးရေ ( ၁၁၅၄၃ )ဦး ရှိပါတယ်။

မေး။  ကျောင်းသား/ကျောင်းသူတွေကို ကာကွယ်ဆေးထိုးနှံဖို့အတွက် ဘယ်လိုအသိပေးချက်တွေ ဆောင်ရွက်ထားပါသလဲရှင့်။

ဖြေ။    နိုင်ငံတော်  အစီအစဉ် နဲ့ အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ် - ၁၉ ကာကွယ် ဆေးထိုးနှံဖို့ အတွက်  မိဘတွေကို အသိပညာပေးဖို့ သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူး ၊  ကျောင်း ဆရာ၊ ဆရာမများ ပူးပေါင်းပြီးတော့ အသိပေးဆောင်ရွက်ပါတယ်။ ကာကွယ်ဆေး ထိုးနှံမည့် အကျိုးကျေးဇူးတွေကိုရှင်းပြတယ်၊ ဆေးထိုးပြီးနောက် ဖြစ်နိုင်တဲ့ နောက်ဆက်တွဲ  ပြဿနာတွေ ရှိပေမယ့် အဖြစ်နည်းပြီး ၊ ကာကွယ်ဆေးထိုးစုရပ်တွေမှာ အန္တရာယ်ကင်းအောင် စနစ်တကျ စီစဉ်ထိုးနှံပေးသွားမှာ ဖြစ်တဲ့အကြောင်းကို မိဘတွေ သိရှိနားလည်အောင် ရှင်းပြပါတယ်။

မေး။ ။ ကျောင်းသား၊ကျောင်းသူတွေကို ကာကွယ်ဆေးထိုးနှံပေးလို့မရတဲ့ အခြေအနေတွေ နဲ့  ကာကွယ်ဆေး ထိုးပြီး ဖြစ်တက်တဲ့နောက်ဆက်တွဲပြဿနာလေးတွေကို သိပါရစေရှင့်။

ဖြေ။  ကာကွယ်ဆေးထိုးနှံပေးတဲ့နေရာမှာ  အသက် (၁၂) နှစ်မပြည့်သေးတဲ့သူ၊ Sinovac ကာကွယ် ဆေးတွင်ပါဝင်တဲ့ ဓါတ်ပစ္စည်း တစ်ခုခုနဲ့   ဓါတ်မတည့်သူတွေကို ကာကွယ်ဆေး ထိုးနှံပေးလို့ မရပါဘူး၊ ဆေးထိုးတဲ့အချိန်မှာ ဖျားနာနေတဲ့သူတွေကိုလည်း ထိုးနှံပေးလို့မရပါဘူး ၊ သွေးမွှား လျော့နည်းသူ၊ သွေးမတိတ်ရောဂါရှိသူ၊ ခန္ဓာကိုယ် ခုခံအားနည်းသူ၊   ဆီးချိုရောဂါ  အတတ်ရောဂါ၊ ဉီးနှောက်အာရုံ ကြောရောဂါ တစ်ခုခု ရှိတဲ့သူများလည်း ထိုးနှံမပေးပါဘူး။ ဆေးထိုးပြီးဖြစ်တတ်တဲ့ သာမန်နောက်ဆက်တွဲ ပြဿနာတွေက ခေါင်းမူး၊ ပင်ပန်းနွမ်းနယ်၊ ပျို့ခြင်း၊ ခေါင်းကိုက်၊ အရေပြားယားယံ၊ အနီပြင်ထွက်  ဖျား၊ ရင်ဘက်အောင့်၊ ကိုယ်လက်ညောင်းကိုက် ဖြစ်တတ်တယ်။ ဒါပေမယ့် အဖြစ်နည်းတယ်လို့ သိရပါတယ်။   ကိုယ်ခံအား ကောင်းရင် ဘာမှမဖြစ်ပါဘူး။ ဆေးထိုးစု ရပ်တွေမှာလဲ အန္တရာယ်ကင်းအောင် စနစ်တကျ ၊ ဂရုတစိုက် ထိုးနှံပေးသွား မှာ ဖြစ်ပါတယ်။

မေး။  ။ ကလေးတွေကို ကာကွယ်ဆေးထိုးနှံဖို့အတွက် ကျောင်းသား ၊ မိဘတွေကို ဆရာမကြီးအနေနဲ့ ပြောချင်တာများ ရှိပါသလားရှင့်။

ဖြေ။  ကျောင်းသားနဲ့မိဘတွေကိုပြောချင်တာကတော့ ကာကွယ်ဆေးကို မဖြစ်မနေထိုးစေချင်ပါတယ်။ ဆေးမထိုးတဲ့ကလေးတွေကိုလည်း ကျောင်းတတ်ခွင့်ပေး မှာပါဘဲ။ ဒါပေမယ့် ကာကွယ်ဆေးထိုးနှံထားတဲ့အတွက် မိမိကိုယ်ကိုကာကွယ်နိုင်သလို မိမိအိမ်သားထဲက ဆေးမထိုးရသေးသူ တွေအတွက်လည်း ကာကွယ်ပေးသလိုဖြစ်ပါတယ်။ ဆေးထိုးထားတဲ့အတွက် အဖျားကူးစက်မှုလျော့ချနိုင်ပြီး နေမကောင်း  မဖြစ်သည့်အတွက် ကျောင်းပျက်ကွက်နည်းပါးမှာ ဖြစ်ပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူ​တွေနဲ ကျောင်းသား၊ မိဘ ၊ ဆရာ အားလုံး ပူး​ပေါင်းပါဝင်​ဆောင်ရွက်မှပဲ က​လေး​တွေကို ကာကွယ် ဆေးထိုးနှံပေးတဲ့ လုပ်ငန်းကို အောင်​အောင်မြင်မြင်​ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

အေးဆု