ကာလိမြို့မဈေးနှင့် ပျံကျဈေးတို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာများ လိုက်နာ ဆောင်ရွက်ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင် ၊ ကာလိမြို့မဈေးနှင့် ပျံကျဈေးတို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာများ လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို အောက်တိုဘာလ ယမန်နေ့ နံနက် (၇) နာရီအချိန်ခန့်က သက်ဆိုင်ရာတာဝန်ရှိသူများတို့က ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နမ္မတူမြို့နယ်တွင် အသက် (၁၂)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးရန်အတွက် ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ပတ်သက်ပြီး မြို့နယ်ဒုတိယပညာရေးမှုးနှင့် တွေ့ဆုံမေးမြန်းခြင်း

မေး။ ဆရာကြီး အမည်နဲ့ တာဝန်ထမ်းဆောင်နေတဲ့ ရာထူးကို မိတ်ဆက်ပေးပါဦးရှင့်။ ဖြေ။ ကျွန်တော်အမည်က ဦးလင်းအောင်ပါ၊ ဒုတိယမြို့နယ်ပညာရေးမှူး ဖြစ်ပါတယ်။

မင်းလှမြို့၌ အသက် ၁၂ နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရေး အသိပညာပေးဆိုင်းဘုတ်ကပ်ထားခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အသက် ၁၂ နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်- ၁၉ ရောဂါကာ ကွယ်ဆေးထိုးနှံနိုင်ရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို အောက်တိုဘာ ၁၂ ရက်နေ့လည့် ၃ နာရီချိန်က အ.ထ.က မင်းလှ( မြို့ပြင်)ကျောင်းရှေ့၌ ဆောင်ရွက်ခဲ့သည်။

လယ်ဝေးမြို့နယ်တွင် တိုင်းရင်းဆေးနှင့်ကျန်းမာရေးအသိပညာပေး Talk Show ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ် ပြန်ကြားရေး နှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ယမန်နေ့မွန်းလွဲ(၁)နာရီက တိုင်းရင်းဆေးနှင့်ကျန်းမာရေးအသိပညာပေး Talk Show ကျင်းပခဲ့သည်။

ကွတ်ခိုင်မြို့နယ်အတွင်းရှိ အသက် (၁၂) နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးရန်အတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ တွေ့ဆုံ​မေးမြန်းခြင်း

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ တွင် ပညာသင်ကြားလျက်ရှိသော အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်−၁၉ ရောဂါကာ ကွယ်ဆေးထိုးနှံနိုင်ရန်အတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ မြို့နယ်ပညာရေးမှူးနှင့် တွေ့ဆုံမေးမြန်ခြင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

လဲချားမြို့နယ် ဝမ်ထီကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊​ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ယမန်နေ့ နံနက် (၁၀) နာရီ အချိန်တွင် ဝမ်ထီကျေးရွာအုပ်စု၊ ကျေးရွာပိုင်ခန်းမတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့​သည်။

စက်သုံးဆီ၊ ဆေးဝါး၊ ရွှေ၊ ငွေကြေးနှင့်အခြေခံစားကုန်များ ဈေးကွက် စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေးအဖွဲ့ နှင့် နေပြည်တော်ကောင်စီ စပါး၊ ဆန်ဝယ်ယူရေးကြီးကြပ်မှု လုပ်ငန်းအဖွဲ့တို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

စက်သုံးဆီ၊ ဆေးဝါး၊ ရွှေ၊ ငွေကြေးနှင့် အခြေခံစားကုန်များ ဈေးကွက်စောင့်ကြည့်စစ် ဆေးကြပ်မတ်ရေး အဖွဲ့ နှင့် နေပြည်တော်ကောင်စီ စပါး၊ ဆန်ဝယ်ယူရေးကြီးကြပ်မှု လုပ်ငန်းအဖွဲ့တို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ(၃)နာရီတွင် နေပြည်တော် ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် ကြက်ခြေနီအသင်းခွဲရုံးဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်း ခွဲရုံးသစ် ဖွင့်ပွဲအခမ်းအနားကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁၂) ရက်နေ့နံနက် (၉)နာရီမှ နေ့လည် (၁၂)နာရီအထိ ကျင်းပခဲ့ကြောင်းသိရသည်။

နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဘိုးများစာအုပ်စာဖတ်ဝိုင်း ပြုလုပ်

ရေဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ယနေ့နံနက် ၁၀နာရီအချိန် က နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဘိုးများ စာအုပ်အားစာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

တံတားဦးမြို့နယ် အသက်(၁၂)နှစ်အထက် ကျောင်းသား ၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရန် အသိပညာပေးပိုစတာစိုက်ထူ

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများမှ အသက်(၁၂)အထက် ကျောင်းသား၊ ကျောင်းသူများအား အောက်တိုဘာလတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် အသိပညာပေးပိုစတာကို  အ.ထ.က တံတားဦးကျောင်းတွင် စိုက်ထူကြောင်းသိရသည်။
Subscribe to