ကချင်ပြည်နယ်အတွင်းရှိ အသက် ၁၂နှစ်နှင့်အထက် အလယ်တန်း အထက်တန်းကျောင်းသားများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမည်

မြစ်ကြီးနား     အောက်တိုဘာ   ၁၂

ကချင်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာသင်ကျောင်းနှင့် ကိုယ်ပိုင်စာသင် ကျောင်းများမှ အသက် ၁၂နှစ် နှင့် အထက်‌ကျောင်းသား၊ ကျောင်းသူများကို အောက်တိုဘာလအတွင်း စတင်ထိုးနှံ‌ ပေးသွားမည်ဖြစ်သည်။

ဆေးထိုးနှံရာတွင် အသက်၁၂ နှစ်နှင့်အထက် ကျောင်းသားကျောင်းသူများကို “ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး တရုတ်နိုင်ငံထုတ် ( Sinovac ) အမျိုးအစား ကိုဗစ်ကာကွယ် ဆေးထိုးမှာဖြစ်ကြောင်း  ကာကွယ်ဆေးထိုးခြင်းဖြင့် ရောဂါကြောင့်ဖြစ်ပေါ်လာမည့် အသက ်အန္တရာယ်ကို ကျော်လွှားနိုင်ပြီး စိတ်ချလက်ချပညာ သင်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့အိမ်နီး ချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ စင်္ကာပူ၊ မလေးရှား၊ ကမ္ဘောဒီးယား နိုင်ငံများတွင်လည်း အသက် ၁၂နှစ်နှင့် အထက် ကျောင်းသားကျောင်းသူများ ကိုဗစ်ကာကွယ်ဆေးထိုးပြီဖြစ်သဖြင့် မိဘပြည်သူများအနေဖြင့် မိမိတို့သားသမီး များကို ဆေးထိုးနှံပေးမည့် လုပ်ငန်းများတွင်ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း” ပြည်နယ်ပညာရေးမှူး ဦးကျော်မိုးထွန်းမှ အကြံပြုပြောကြား ခဲ့သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို ကျန်းမာရေး ပညာရေး၊ လူမှုရေးဝန်ထမ်းဦးစီးဌာန၊ အခြား အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ အခြေခံစာသင်ကျောင်းများတွင် စုရပ်များ ပြုလုပ်ကာ ထိုးနှံပေးသွားမည်ဖြစ်ပြီး ဆေးထိုးနှံရန်စာရင်းလာရောက်ပေးသွင်းသည့်ကျောင်းသား ကျောင်းသူများ အနေဖြင့် နိုင်ငံ‌ရေး စီစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုများယူဆောင်လာရမည်ဖြစ်ပြီး နိုင်ငံ‌ရေး စီစစ်ရေး ကတ်ပြားနှင့်အိမ်ထောင်စုမရှိပါက မိဘ(သို့)အုပ်ထိန်းသူက အသက် ၁၂နှစ် ပြည့်ပြီးကြောင်း ထောက်ခံချက်ပေးရန် လိုအပ်ကြောင်း ပြည်နယ်ပညာ‌ရေးမှူးရုံးမှ သိရသည်။

မြစ်ကြီးနားခရိုင် ပြန်/ဆက်)