ဘူးသီးတောင် အောက်တိုဘာ ၁၂
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ရွာမ၊ သစ်ရင်း၊ ဂူနား(ဘင်္ဂါလီ) ကျေးရွာရှိ ပြည်သူ(၇၅၀)ဦးတို့အား ပထမအကြိမ် ကိုဗစ်-၁၉ ကာ ကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်၉ နာရီအချိန် ရွာမကျေးရွာ စာသင်ကျောင်း ၌ စုရပ်ထားရှိကာကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ ဆက်လက် ထိုးနှံပေး လျက်ရှိကြောင်းသိရ သည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ က စာရင်းများ ပြုစုခြင်း၊ ကျန်းမာရေးဝန်ထမ်းများက ကာကွယ် ဆေး လာရောက် ထိုးနှံသည့် ပြည် သူများအား ကျန်းမာရေး စောင့် ရှောက်မှု များဆောက်ရွက်ပေးလျက်ရှိကာ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ Mask (၁၅၀)တို့ကိုဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံနေမှုများကို ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များပူးပေါင်း၍ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။
လှကျော်( ပြန်/ဆက်)