ချောင်းဆုံတွင် အသက် (၅၅)နှစ်မှ (၆၄)နှစ်အတွင်းရှိသူများအား စုရပ်(၁၅)နေရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအသုတ် ဒုတိယအကြိမ် စတင်ထိုးနှံ

ချောင်းဆုံ      အောက်တိုဘာ       ၁၂

 

 မော်လမြိုင်ခရိုင်၊  ချောင်းဆုံမြို့နယ်တွင်  အသက် ၅၅ နှစ် မှ  ၆၄နှစ်အတွင်းရှိသူနှင့်   ဦးစား ပေးအုပ်စုအလိုက်  သတ်မှတ်ချက်နှင့်အညီ     တတိယအသုတ် ဒုတိယအကြိမ်    ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး  ထိုးနှံပေးခြင်းကို   မြို့နယ်အတွင်းရှိ   စုရပ်(၁၅)နေရာ၌     ယနေ့နံနက်(၉)နာရီက လည်းကောင်း၊ ပထမအကြိမ် ထိုးနှံခြင်းကို မွန်းလွဲ(၁)နာရီတွင်လည်းကောင်း စုရပ်အလိုက်  မြို့နယ် စီမံအုပ်ချုပ်ရေးဥက္ကဌ ဦးစိုးလွင်နှင့်တာဝန်ရှိသူများက  ဆေးထိုးနှံနေမှုအား   ကွင်းဆင်းကြည့်ရှုခဲ့ကြ သည်။
    

 အဆိုပါ  ကာကွယ်ဆေးထိုးရာတွင် လူစု၊ လူဝေးမဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော   စည်းကမ်းချက်များအတိုင်း  အသက်အရွယ်အုပ်စုအလိုက်  စနစ်တကျ  ထိုးနှံပေး လျက်ရှိပြီး ဆေးထိုးစုရပ်များမှာ ချောင်းဆုံ(အထက)၊ရွာလွတ်(အထက)၊  မုဒွန်း(အထက) နှင့်(ကလော့၊ ကမာမို၊ဒရယ်၊ ကလွီ၊ ကညှော်၊ကော့မုပွန်၊သက္ကော၊ကရင်ဝင်းစိန်၊ မုရစ်ကလေး၊ကွမ်သဲ၊ ကမာကေး၊ ရေတွင်းကုန်း) ကျန်းမာရေးဌာနခွဲတို့တွင် ဆေးထိုးစုရပ်အဖြစ်ထားရှိကာတတိယအသုတ်  ဒုတိယအကြိမ်တွင်  စုရပ်(၁)နေရာစီ၌ ဆေးထိုးဦးရေ(၅၀)ဦးစီ   ဆေးထိုးနှံပေးခဲ့ပြီး   စုစုပေါင်းဆေး ထိုးဦးရေ (၇၅၀) ဦး နှင့်  ပထမအကြိမ်ဆေးထိုးနှံမှုအား  ယနေ့မွန်းလွဲပိုင်းတွင် ဆက်လက်ထိုးနှံပေး သွားမည်ဖြစ်ကြောင်းမြို့နယ်အဆင့် ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီထံမှ  သိရသည်။

 

ချောင်းဆုံ(ပြန်/ဆက်)