မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ‌ညောင်ပင်လှကျေးရွာရှိ ဒေသခံပြည်သူ များအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်များနေ့ချင်းပြီး ကွင်းဆင်း ဆောင်ရွက်ပေးနေမှုအား ကြည့်ရှု စစ်ဆေး

တောင်တွင်းကြီး အောက်တိုဘာ   ၁၂

 

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် ယနေ့ နံနက်(၁၂) နာရီအချိန်က တောင်တွင်းကြီးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ ဝန်ထမ်းများက ညောင်ပင်လှကျေးရွာရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်များနေ့ချင်းပြီး ကွင်းဆင်းဆောင် ရွက်ပေးနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်က ဒေသခံ ပြည်သူများ အားရင်းရင်းနှီးနှီးတွေ့ ဆုံ၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ၏ လမ်းညွှန်ချက်နှင့်အညီ ပြည်သူများအနေဖြင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ရရှိရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာများ အလိုက်ကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေးကတ်များ အခမဲ့ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့်လည်းပြည်သူများ ကိုဗစ်-၁၉ရောဂါကာကွယ်နိုင်ရေးအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးများ ထိုးနှံပေးလျက်ရှိပါကြောင်းနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေး အတွက်ကြိုးပမ်း ဆောင်ရွက် လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများရှိ အသက် (၁၂)နှစ်အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်းကျောင်းသား/သူများကိုလည်း  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးနိုင်ရေး အတွက် စီမံဆောင်ရွက်လျက်ရှိရာ ပြည်သူများအနေဖြင့်လည်း ပူးပေါင်းပါဝင် ဆောင် ရွက်စေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးသည် တောင်တွင်းကြီးမြို့နယ် လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီမှူးရုံးမှ ဝန်ထမ်းများက ညောင်ပင်လှကျေးရွာရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ အခမဲ့ ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြား(၁၅၀)ကတ်နှင့် အိမ်ထောင်စုစာရင်း(၅၀)စောင် တို့အားပြည်သူများ လက်ဝယ် အရောက် ပေးအပ်ခဲ့သည်။

တောင်တွင်းကြီးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးအနေဖြင့် ၂၀၂၁ခုနှစ်၊ မေလ()ရက်မှ ယနေ့အထိ ပန်းခင်းစီမံချက်ဖြင့် အသက်(၁၆)နှစ် နှင့်(၁၈)နှစ်အကြား နိုင်ငံသားစိစစ်ရေး ကတ်ပြား (၈၃၆) ကတ်၊ အသက်(၁၈)နှစ် အထက်နိုင်ငံသား စိစစ်ရေးကတ်ပြား (၆၁၅)ကတ်၊ နိုင်ငံသားစိစစ်ရေး ကတ်ပြား(လဲလှယ်)(၅၇၆)ကတ်၊ ပျောက်ဆုံးပျက်စီးသည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားမိတ္တူ (၉၉၄)ကတ်၊ စုစုပေါင်းနိုင်ငံသား စိစစ်ကတ်ပြားပေါင်း(၃၁၇၁)ကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း(၁၇၆၃‌)စောင်တို့ကိုဆောင်ရွက်‌‌ပေး နိုင်ခဲ့ပြီးကျန်ရှိ နေသည့် ရပ်ကွက်/ကျေးရွာများသို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်များ အခမဲ့ဆောင်ရွက်ပေးခြင်းကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ ဆက်လက် ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ဆက်လက်၍ လူမူရေးရာဝန်ကြီးနှင့်အဖွဲ့သည် အ..က()ပေလေးပင်ခန်းမနှင့်စာသင် ကျောင်းဆောင်များ ကိုကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကိုမှာကြားခဲ့သည်။ ထို့နောက် လူမူရေးဝန်ကြီးနှင့်အဖွဲ့သည် ရန်ပယ် ပြည်သူ့အားကစား ကွင်းသို့ရောက်ရှိကာ မိုးလုံလေလုံအားကစားခန်းမ တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိပြီး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုကြည့်ရှု စစ်ဆေးခဲ့ပြီး လုပ်ငန်းများ သတ်မှတ် စံနှုန်းများနှင့် အညီအချိန် မီပြီးစီးရေးမှာကြားခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)