ဟင်္သာတခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၌ ၂၀၂၁- ၂၀၂၂ ဘဏ္ဍာနှစ် အတွက် အိတ်ဖွင့်တင်ဒါရှင်းလင်းပွဲ ပြုလုပ်ခ

ဟင်္သာတ အောက်တိုဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် သမဝါယမနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ဟင်္သာတခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁- ၂၀၂၂ ဘဏ္ဍာနှစ်အတွက် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့်ဆောင်ရွက်မည့်  ရေပေးရေး၊ ကုန်ထုတ်လမ်း၊ တံတားလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါရှင်းလင်းပွဲ အခမ်းအနားကို ယနေ့နံက် ၁၀ နာရီအချိန်က အဆိုပါရုံး အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဟင်္သာတခရိုင် ဦးစီးမှူး ဦးအောင်သက်ရှည်က တင်ဒါစည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး မြန်အောင်မြို့နယ် ကျေးလက်ဦးစီးမှူး ဦးတင်ထွန်းအောင်မှ နည်းပညာဆိုင်ရာ Specifitation and Design များနှင့် ပတ်သက်၍ တက်ရောက်လာသူများအား ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ တင်ဒါကြမ်းခင်းစျေး တွက်ချက်ရေး ကော်မတီနှင့် တင်ဒါလက်ခံရေးနှင့် စီစစ်ရေးကော်မတီတို့မှ ဖြည့်စွက်ရှင်းလင်း တင်ပြကာ အခမ်းအနားသို့ တက်ရောက်လာသော ကုမ္မဏီများက  တင်ဒါရှင်းလင်းပွဲနှင့် ပတ်သက်၍ သိရှိလိုသည့် အချက်များကို ပြန်လည် မေးမြန်းခဲ့ကြောင်း သိရသည်။

အဆိုပါ တင်ဒါရှင်းလင်းပွဲသို့ ဟင်္သာတခရိုင်အတွင်းရှိ ( ၆ )မြို့နယ်မှ ကျေးလက်ဦးစီးမှူးများ၊ တင်ဒါစီစစ်ရွေးချယ်ရေးအဖွဲ့များ၊ တင်ဒါဆွဲဝယ်ယူမည့် ကုမ္ပဏီများ တက်ရောက်ခဲ့ကြောင်း ဟင်္သာတမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးမှူးရုံးမှ သိရှိရသည်။ 

ကိုဇော်