ကျွန်းစု အောက်တိုဘာ ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၁-၂၀၂၂ခု ဘဏ္ဍာရေးနှစ်၊ အောက်တိုဘာလမှ မတ်လအထိ ဆောင်ရွက်မည့်လုပ်ငန်းများအတွက် လုပ်ငန်းသုံးပစ္စည်းများ အိတ်ဖွင့်တင်ဒါ ရောင်းချခြင်းကို ယနေ့ နံနက်(၁၀) နာရီ အချိန်က မြို့နယ် စည်/ပင် ရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရောင်းချရာတွင် လုပ်ငန်းသုံးပစ္စည်းများဖြစ်သော ဘိလပ်မြေ၊ လမ်းခင်းကျောက်၊ မျောတိုင် တို့ကို သတ်မှတ်ဈေးနှုန်းနှင့်အညီ တင်ဒါ ရောင်းချရေးအဖွဲ့နှင့် တင်ဒါကော်မတီတို့က ရောင်းချပေးခဲ့ကြောင်း သိရသည်။
ကျွန်းစု(ပြန်/ဆက်)