ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း ဒေသတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ကုန်ထုတ်လုပ်မှု ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေးကွင်းဆင်းကြည့်ရှု၊ ပေါက်တောမြို့နယ် ကျန်းမာရေး ဝန်ထမ်းများ အား ထောက်ပံ့ချီးမြှင့်

စစ်တွေ  အောက်တိုဘာ ၁၂

 

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်အတွင်း စိုက်ပျိုးရေး လုပ်ငန်းများကုန်ထုတ်လုပ်မှု ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှုကြပြီး မြို့နယ်ကျန်းမာရေးဝန်ထမ်းများအား ထောက်ပံ့ချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ ပေါက်တောမြို့နယ် နတ်တောင်ပြင်ကျေးရွာအုပ်စု၌ တောင်သူ ၄၂ ဦး၏ လယ်ဧက ၁၀၀ အထူးဇုန်တွင် ပေါ်ဆန်းရင်မိုးစပါး စိုက်ပျိုးအောင်မြင်နေမှုနှင့် တောင်သူ ၃ ဦး၏  လယ်ဧက ၁၀ ဧကတွင် ဆင်းသွယ်လတ်မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုး အောင်မြင်နေ မှုတို့ကို သွားရောက်ကြည့်ရှုအားပေးကြရာ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်သန်းဌေးနှင့် ဒေသခံတောင်သူများက ရှင်းလင်းပြသကြသည်။ ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နတ်တောင်ပြင် ကျေးရွာအုပ်စု၊ ကျောက်ဆိပ်ကျေးရွာအနီးတွင် အီးအင်ဘို ကာရှီသဘာဝမြေဩဇာပြုလုပ်ထားမှု၊ EM  အသုံးပြုသဘာဝမြေဩဇာပြုလုပ်နည်းတို့အား တောင်သူ ပညာပေးပြသထားရှိမှုတို့ကို သွားရောက် ကြည့်ရှုကြသည်။ ထိုသို့ ကြည့်ရှုအားပေးစဉ် တောင်သူများ နှင့်တွေ့ဆုံပြီး တောင်သူများ၏ တင်ပြချက်များအား သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပေါက်တောမြို့နယ် အနောက်ပိုင်းရပ်ကွက် လောကထိပ်ပန်ဘုရားကြီးရင်ပြင်အနီး အောက်ဆီဂျင်စက်ရုံတည်ဆောက်ပြီးစီးမှု၊ အောက်ဆီဂျင်စက် ရောက်ရှိတတ်ဆင်နေမှုတို့ကို သွားရောက်ကြည့်ရှုအားပေးကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် နှင့်အဖွဲ့သည် ပေါက်တောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ရခိုင်ပြည် နယ်အစိုးရအဖွဲ့မှ မြို့နယ်ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ပြုငွေနှင့်ဂုဏ်ပြုမှတ်တမ်း ချီးမြှင့် ထောက်ပံ့ခြင်း၊ အောက်ဆီဂျင်စက်ရုံအတွက် အလှူငွေပေးအပ်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပစ္စည်းများထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က မြို့နယ်ကျန်းမာရေးဝန်ထမ်းများအတွက်  ဂုဏ်ပြုငွေကျပ်သိန်း(၂၀)နှင့် ဂုဏ် ပြုမှတ်တမ်းအားလည်းကောင်း၊  အောက်ဆီဂျင်စက်ရုံအတွက် အလှူငွေကျပ်သိန်း(၁၀၀) အားလည်း ကောင်းထောက်ပံ့ပေးအပ်ရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ကိုကိုအောင်နှင့် အောက်ဆီဂျင် စက်ရုံဖြစ်မြောက်ရေးကော်မတီမှ တာဝန်ရှိသူများက လက်ခံရယူကြသည်။ ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပစ္စည်းများအား ထောက်ပံ့ပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လက်ခံရယူသည်။

 

ယင်းနောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ကိုကိုအောင်က ကျေးဇူးတင် စကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးကျော်ဝင်းက မြို့နယ်၏ဒေသဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြသည်။  ဆက်လက်၍ မြို့မိ၊ မြို့ဖများနှင့်တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ပြန်လည်ဆွေးနွေးပြောကြားကြပြီး ပြည်နယ်ဝန်ကြီးချုပ်က၊ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ ကြောင်းသိရသည်။

 

တင်ထွန်း(ပြန်/ဆက်)