နာဂဒေသ၊ လေရှီးမြို့၌(Mask) နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိပဲ အပြင်ထွက်သွားလာသူများအား ဒဏ်ငွေဖြင့် အရေးယူဆောင်ရွက်လျက်ရှိ

လေရှီး  အောက်တိုဘာ ၁၂

 

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့၊ မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ရှေ့၌ ယနေ့နံနက် () နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ထွေ/အုပ်၊ ကျန်းမာရေး၊ စည်ပင်၊ လူမှုဝန်ထမ်း၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ  (Mask) နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိပဲ အပြင်ထွက်သွားလာသောဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ် နိုင်ရေး အတွက် ဒဏ်ငွေဖြင့် အရေးယူဆောင်   ရွက်လျက်ရှိကြောင်းသိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရန်ရည်ရွယ်၍ အဆိုပါပူးပေါင်းအဖွဲ့မှ ကြပ်မတ်ဆောင်ရွက်ရှိရာ နှာခေါင်းစည်းမတပ်ဆင်သူများအား (Mask) နှာခေါင်းစည်းတစ်ခုလျင် (၅၀၀)ကျပ် နှုန်းဖြင့် အခုဝယ်အခုတပ် ချက်ခြင်းစနစ်ဖြင့် ဒဏ်ငွေပေးဆောင်စေကာ အရေးယူဆောင် ရွက်လျက်ရှိ ကြောင်းသိရသည်။

 

ဆိုင်းသား(လေရှီး)