ကြံခင်း အောက်တိုဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့တွင် စီမံကိန်းများ ရေးဆွဲအကောင်အထည် ဖော်ရေး ကော်မတီ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ်(၆)လတာ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီ အချိန်ကကြံခင်းမြို့ ဧရာဦး ခန်းမတွင် ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။
ပထမဦးစွာ မြို့နယ်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းတန်မှအမှာစကား ပြောကြားရာတွင်၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ် (၆)လတာအတွင်း စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရန် စီမံကိန်းတာဝန်ပေးအပ်ခြင်း ဖြစ်ပါကြောင်းနှင့် မြို့နယ်စီမံကိန်းဦးစီးမှုး ဦးသန်းစိုးဦးမှ ဒေသန္တစီမံကိန်းရည်မှန်းချက်များနှင့် ပတ်သက်၍ရှင်းလင်းဆွေးနွေးပါသည်။
ထိုနောက်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား ဒေသဖွံ့ဖြိုးရေးစီမံကိန်းနှင့် စီးပွားရေးစီမံကိန်းများကို တာဝန်ပေး အပ်ပါသည်။ အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းတန်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံကိန်း ဦးစီးရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ အဖွဲ့များနှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တတ်ရောက်ခဲ့ကြ ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)