ကာလိမြို့မဈေးနှင့် ပျံကျဈေးတို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာများ လိုက်နာ ဆောင်ရွက်ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ကာလိ   အောက်တိုဘာ   ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင် ၊ ကာလိမြို့မဈေးနှင့် ပျံကျဈေးတို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာများ လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို အောက်တိုဘာလ ယမန်နေ့ နံနက် (၇) နာရီအချိန်ခန့်က သက်ဆိုင်ရာတာဝန်ရှိသူများတို့က ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် ကာလိမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးရဲမင်းထွန်း၊ စည်ပင်သာယာရေးဌာနမှ ဦးစီးမှူး ဦးခင်ဇော်ဦး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်နန်းဆေး၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ဒေသဆိုင်ရာ အဖွဲ့အစည်းတို့က ပူးပေါင်း၍ ကာလိမြို့မဈေးအတွင်းနှင့် ပျံကျဈေးတို့၌ ဈေးရောင်းနေကြသည့် ပြည်သူများအား ဆိုင်ရှေ့တွင် ပလတ်စတစ်အကာဖြင့် ဆောင်ရွက်ထားခြင်းရှိ/မရှိ၊ နှာခေါင်းစည်း(Mask)စနစ်တကျ တပ်ဆင်ထားခြင်းရှိ/မရှိ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိတို့ကို လှည့်လည်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျော် (ကာလိ)