လယ်ဝေး အောက်တိုဘာ ၁၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ် ပြန်ကြားရေး နှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ယမန်နေ့မွန်းလွဲ(၁)နာရီက တိုင်းရင်းဆေးနှင့်ကျန်းမာရေးအသိပညာပေး Talk Show ကျင်းပခဲ့သည်။
အဆိုပါ Talk Show တွင် မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်နှင့် လယ်ဝေးမြို့ တိုင်းရင်းဆေးကုဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်နန်းမွန်အေးတို့က တိုင်းရင်း ဆေးသုံးစွဲရာတွင် ဆေးပင်နှင့်ဆေးပစ္စည်းမှန်ကန်မှု၊ သုံးစွဲသည့်ဆေးပမာဏ၊ အသုံးပြုနည်း၊ ဈေးကွက်ထဲမှ တိုင်းရင်းဆေးများအား စစ်ဆေးဝယ်ယူနည်း၊ သောက်သုံးရမည့်ကာလနှင့် ဆေး၏ ဘေးထွက်ဆိုးကျိုးများ စသည့်အကြောင်းအရာများကို အသိပညာပေးမေးမြန်း ဆွေးနွေးခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လယ်ဝေးမြို့နယ်ရုံးအနေဖြင့် ကိုဗစ်- ၁၉ရောဂါ ဖြစ်ပွားနေသည့်အတွက် စာကြည့်တိုက်ကိုယာယီပိတ်ထားသော်လည်း Online မှ တစ်ဆင့် ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ခြင်း၊ စာအုပ်မိတ်ဆက်၊ ရွှေသွေးကာတွန်း အစီအစဉ် သုတစုံစွာ ဤမြေကမ္ဘာနှင့် အသိပညာပေး Talk Show များအား ရိုက်ကူးတင်ဆက်ပေးလျက် ရှိကြောင်း သိရသည်။
နေဇော်ချစ် (ပြန်/ဆက်)