ကွတ်ခိုင် အောက်တိုဘာ ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ တွင် ပညာသင်ကြားလျက်ရှိသော အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်−၁၉ ရောဂါကာ ကွယ်ဆေးထိုးနှံနိုင်ရန်အတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ မြို့နယ်ပညာရေးမှူးနှင့် တွေ့ဆုံမေးမြန်ခြင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
မေး။ ဆရာမကြီးနာမည်နဲ့ရာထူးကိုမိတ်ဆက်ပေးပါအုံးရှင်။
ဖြေ။ မင်္ဂလာပါရှင့်၊ ကျွန်မကတော့မြို့နယ်ပညာရေးမှူး ဒေါ်မြမြဦးပဲဖြစ်ပါတယ်ရှင်။
မေး။ ဆရာမကြီးတို့ရဲ့ အထက်တန်း/အလယ်တန်းကျောင်းတွေမှာ နိုင်ငံတော်အစီအစဉ်နဲ့ အသက်(၁၂) နှစ်နှင့်အထက် ကျောင်းသား/သူတွေကို ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးဖို့စီစဉ်နေတယ်လို့ သိရတဲ့အတွက် ကာကွယ်ဆေးထိုးနှံဖို့ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေလေးတွေကို သိချင်ပါတယ်ရှင်။
ဖြေ။ ဆေးထိုးတာတော့မှန်ပါတယ်။ အခြေခံပညာအထက်တန်း၊ အလယ်တန်းကျောင်းတွေမှာ နိုင်ငံတော်အစီအစဉ်ဖြင့် အသက်(၁၂)နှစ်မှ (၁၈)နှစ်ကြား ကိုဗစ်−၁၉ရောဂါ ဆေးထိုးနှံဖို့စီစဉ် ဆောင်ရွက်ထားရှိထားပြီးဖြစ်ပါတယ်။ ပထမအနေနဲ့ အထက်တန်း၊ အလယ်တန်း ကျောင်းမှာ ရှိတဲ့ သက်ဆိုင်ရာကျောင်းအုပ်ကြီးတွေနဲ့ ကြိုတင်ညှိနှိုင်း အစည်းအဝေး လုပ်ပါတယ်။ ဆေးထိုး ဖို့ ကျောင်းသား/သူတွေ စာရင်းကိုလည်းပြုစုထားပါတယ်။ မိဘများကိုလည်း ကာကွယ်ဆေး ထိုးနှံဖို့ အသိပေးဆောင်ရွက်ထားရှိပါတယ်။ နောက်တစ်ချက် ကျွန်မတို့ဖက်ကနေပြီးတော့ ကိုဗစ်−၁၉ ရောဂါနဲ့ ပတ်သက်တဲ့စီမံချက်တွေရေးဆွဲရပါတယ်။ ကာကွယ်ဆေးထိုးနှံဖို့ ကော်မတီ အဖွဲ့(၄)ဖွဲ့ဖွဲ့စည်းထားပါတယ်ရှင်။
မေး။ ကာကွယ်ဆေးထိုးနှံပေးမယ့်နေ့ရက်၊ နေရာလေးတွေကိုလည်းသိချင်ပါတယ်ရှင်။
ဖြေ။ ကာကွယ်ဆေးထိုးနှံပေးမယ့် နေရာလေးကတော့ ကျွန်မတို့မြို့နယ်မှာ စုရပ်(၆) နေရာ ရှိပါတယ်။ အထက(၁)၊ အထက(မြို့မ)၊ အထက(ကောင်းခါး)၊ အထက(နမ့်ဖတ်ကာ)၊ အထက (တာမိုးညဲ)၊ အထက (မုံးစီး)နယ်မြေအလိုက် စုရပ်လေးများခွဲခြားထားပါတယ်။ ကျွန်မတို့ကို ညွှန်ကြားထားတာကတော့ (၁၂) ရက်မှ (၁၆)ရက်ကြားအတွင်းမှာ ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံသွားမယ်လို့ သိရပါတယ်ရှင်။
မေး။ ကျောင်းသား/သူတွေကို စုရပ်တွေမှာ ကာကွယ်ဆေးထိုးနှံဖို့အတွက် အသိပေးချက်တွေကို ဘယ်လိုဆောင်ရွက်ထားပါသလဲရှင်။
ဖြေ။ အဲဒီကလေးတွေကို ကာကွယ်ဆေးထိုးနှံပေးမဲ့နေ့ရက်တွေမှာ (၁၂)ရက်မှ (၁၆) ရက်ကြား ထိုးမယ်။ ဒုတိယအကြိမ်ကိုတော့ (၂၁) ရက်ကျော်မှာ ထိုးမယ်ဆိုပြီးပြောထားပါတယ်။ ကာကွယ်ဆေးထိုးနှံဖို့ပေးဖို့အတွက် သက်ဆိုင်ရာကျောင်းအုပ်ကြီးတွေကို အကြောင်းကြားပြီး သူတို့ရဲ့ အတန်းပိုင်ဆရာ/မတွေကို ကျောင်းအုပ်ကြီးမှတဆင့် ဆောင်ရွက်ပါတယ်။ ကျောင်း အကျိုးတော်ဆောင်တွေ မိဘဆရာအသင်းဝင်တွေ၊ သက်ဆိုင်ရာရပ်/ကျေးရွာ အုပ်ချုပ်ရေးမှူး များနဲ့ မိဘတွေကိုကြိုတင် အသိပေးဆောင်ရွက်ထားပြီး ဖြစ်ပါတယ်ရှင်။
မေး။ မကြာခင်မှာ အခြေခံပညာကျောင်းတွေ ဖွင့်လှစ်တော့မယ်လို့ သိရပါတယ်။ ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ဖို့အတွက် ဆရာမကြီးတို့အနေနဲ့ ဆောင်ရွက်ထားရှိမှုလေးတွေကို သိချင်ပါ တယ်ရှင်။
ဖြေ။ ကျောင်းတွေပြန်ဖွင့်တော့မယ်လို့ ကျွန်မတို့ကို နိုဝင်ဘာလမှာ ဖွင့်မယ်ဆိုပြီး ညွှန်ကြား ထားတာရှိပါတယ်။ ဒါကြောင့်ကျောင်းတွေကလည်း နဂိုကတည်က ဖွင့်ထားပြီးသားဖြစ်ပါတယ်။ ကြိုတင်ပြင်ဆင်စရာတော့မလိုတော့ပါဘူး၊ ထူးထပ်လာတဲ့ချုံနွယ်များ အမှိုက်သရိုက်များ၊ ကျောင်းဥပဓိရုပ် ကောင်းမွန်အောင် ပြင်ဆင်ဆောင်ရွက်နေပါတယ်။ ကျောင်းကကျောင်နဲ့ တူရမယ် ဆောင်ပုဒ်နဲ့အတူ ပြင်ဆင်ဆောင်ရွက်ထားပါတယ်။ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အတိုင်း Social Distancing နှင့်အညီ ကလေးတွေ Mask တပ်ဖို့အပူချိန် တိုင်းကိရိယာဖြင့် တိုင်းခြင်း၊ လက်ဆေးဘေစင်တွေစတဲ့ အစီအစဉ်တွေကို ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်ရှင်။
မေး။ ကျောင်းတွေဖွင့်တဲ့အခါမှာ ဆရာ/ဆရာမတွေ အားလုံးမှာကော ကိုဗစ်−၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံထားပြီးပါသလားရှင်။
ဖြေ။ ဆေးထိုးထာတော့အားလုံးနီးပါး ထိုးနှံထားပြီးဖြစ်ပါတယ်။ ဒါပေမဲ့နို့တိုက်မိခင်နှင့် ကိုယ်ဝန်ဆောင် မိခင်တွေ၊ ရောဂါအခံရှိတဲ့သူတွေ အနည်းငယ်တော့ ကျန်ရှိနေပါသေးတယ်ရှင်။
မေး။ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသာ/သူတွေကို ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရာမှာ အဆင်ပြေပြေဆောင်ရွက်နိုင်ဖို့ ပူးပေါင်းဆောင်ရွက်နေတဲ့ ဌာနအဖွဲ့အစည်းကိုလည်း သိပါရစေရှင်။
ဖြေ။ အသက်(၁၂)နှစ်နှင့်အထက် ကာကွယ်ဆေးထိုးနှံတဲ့အခါမှာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့က ကြီးကြပ်ပြီးတော့မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ အရေးပေါ်တုန့်ပြန်ရေးအဖွဲ့၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ တပ်မတော်သားတွေ၊ လူမှုရေးအသင်းအဖွဲ့တွေ၊ မိဘဆရာအသင်းတွေ၊ ကျောင်း အကျိုးတော်ဆောင်အဖွဲ့အစည်းတွေ၊ မီးသတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး စီမံဆောင်ရွက်ထားရှိပြီး ဖြစ်ပါတယ်ရှင်။
မေး။ ကျောင်းသား/သူများ ကာကွယ်ဆေးထိုးထားခြင်းဖြင့် ဘယ်လိုအကျိုးကျေးဇူးရနိုင်မယ် အကြောင်းနှင့် ပူးပေါင်းပါဝင်ဖို့မိဘများကို တိုက်တွန်းစကားလေး ပြောကြားပေးပါရှင်။
ဖြေ။ ကျောင်းသား/သူတွေကို ပြင်ဆင်ထားတဲ့အခါမှာ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံ ထားတဲ့အတွက် ကလေးတွေမှာ သေဆုံးမှုနှုန်းနည်းလာမယ်၊ ကလေးတွေဟာ ကိုဗစ်နှင့်အတူ ယှဉ်တွဲနေထိုင်ကြတော့မှာ ဖြစ်တဲ့အတွက် ရောဂါကာကွယ်နိုင်တယ်၊ ဒီဆေးထိုးထားခြင်း အားဖြင့် ရောဂါကာကွယ်နိုင်တယ်။ ပညာသင်ကြားတဲ့အခါမှာလည်း ဉာဏ်ရည်ပြည့်ဝပြီး ရောဂါ ကင်စင်စွာဖြင့် သန့်ရှင်သပ်ရပ်လှပတဲ့ ကျောင်းတော်ကြီးမှာ စိတ်လက်ချမ်းသာစွာ စာသင်နိုင် မယ်လို့ ပြောကြားလိုပါတယ်ရှင်။
မေး။ ကာကွယ်ဆေးထိုးနှံပေးမှုအပေါ် ဆရာမကြီးရဲ့ပီတိစကားသံလေး သိချင်ပါတယ်။
ဖြေ။ ကာကွယ်ဆေးထိုးထားတဲ့အတွက် ကိုဗစ်−၁၉ ရောဂါဟာ ခုခံအားရှိပြီးတော့ သူတို့ရဲ့ ရောဂါဖြစ်ပွားမှုနှုန်း အရမ်းနဲသွားမယ်။ ကူးစက်နှုန်းနဲတဲ့အတွက် သေဆုံမှုနှုန်းနဲလာမယ်။ အဲ့အခါမှာ ကလေးတွေစိတ်လက်ချမ်းသာစွာနဲ့ ရောဂါကင်းစင်ပြီး ပညာသင်ကြားနိုင်မှာ ဖြစ်တဲ့အတွက် အင်မတန်မှဝမ်းမြောက်ပီတိ ဖြစ်ရပါတယ်။ လူတိုင်းလူတိုင်းလည်း ထိုးသင့် တယ်လို့ပြောချင်ပါတယ်ရှင်။
မေး။ ဆရာမကြီးအနေနဲ့ ဘာများဖြည့်စွက် ပြောချင်ပါသလဲရှင်။
ဖြေ။ ကာကွယ်ဆေးထိုးတဲ့ အဓိကရည်ရွယ်ချက်ကတော့ ကျောင်းသား/သူတွေ ပညာသင်ကြားယူဖို့အတွက် ထိုးပေးရခြင်း ဖြစ်ပါတယ်။ ပညာသင်ဖို့ အခွင့်အလမ်းတွေရရှိဖို့အတွက် ကိုဗစ်−၁၉ ရောဂါကြောင့် သေဆုံမှုတွေလျော့နည်းမှုတွေ ပပျောက်သွားမယ်၊ ကျောင်းသား/သူတွေ၊ မိသားစုဝင်တွေ အခြားပြည်သူတွေဆီကို တစ်ဆင့်ပြီးတစ်ဆင့် ကူးစက်နိုင်တဲ့အတွက် ထိထိ ရောက်ရောက်ကာကွယ်နိုင် မှာဖြစ်ပါတယ်။
အဲဒီလို ရည်ရွယ်ဆောင်ရွက်ထားတာ ဖြစ်တဲ့အတွက် ကောင်းမွန်တဲ့လုပ်ငန်း ဖြစ်ပါတယ်။ ဒါကြောင့် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/သူများ အနေနဲ့ကာကွယ်ဆေးကို မပျက် မကွက် လာရောက် ထိုးနှံကြဖို့အကြံပြု တိုက်တွန်းချင်ပါတယ်။ ကာကွယ်ဆေးထိုးနိုင်အောင် အဖက်ဖက်က ဝိုင်းဝန်းကူညီပေးကြတဲ့ ကျေးဇူးတင်ထိုက်သူအားလုံးကိုလည်း ကျေးဇူးအထူး တင်ရှိပါတယ်ရှင်။
ဌေးဌေး(ကွတ်ခိုင်)