လဲချားမြို့နယ် ဝမ်ထီကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေး

လဲချား  အောက်တိုဘာ ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း၊​ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ယမန်နေ့ နံနက် (၁၀) နာရီ အချိန်တွင် ဝမ်ထီကျေးရွာအုပ်စု၊ ကျေးရွာပိုင်ခန်းမတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့​သည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် “ပြည်သူ့ဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့” ဆောင်ပုဒ်နှင့် အညီ ပန်းခင်းစီမံချက်ဖြင့် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးမိုးနှင့် ဝန်ထမ်းများက‌ ဝမ်ထီကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ် မပြုလုပ်ရသေးသူ အသက်(၁၈) နှစ် ပြည့်သူ (၆၀)ဦးအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။ ထိုသို့ဆောင်ရွက်ပေးရာတွင် (ဓါတ်ပုံရိုက်ကူးခနှင့် သွေးစစ်ဆေးခ) တို့ကို နိုင်ငံတော်မှ ကျခံပေးခြင်းဖြစ်ပြီး လဲချားမြို့နယ်အတွင်း အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်း လုပ်ငန်းများကို ကျေးရွာအုပ်စုများအလိုက်အဖွဲ့ခွဲ၍ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက် ပေးလျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဦး‌ကျော်စိုးမိုး၏ ပြောကြားချက်အရ သိရသည်။

လွှမ်းသူနောင် (လဲချား)