မင်းလှမြို့၌ အသက် ၁၂ နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရေး အသိပညာပေးဆိုင်းဘုတ်ကပ်ထားခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

မင်းလှ အောက်တိုဘာ ၁၃

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အသက် ၁၂ နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်- ၁၉ ရောဂါကာ ကွယ်ဆေးထိုးနှံနိုင်ရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို အောက်တိုဘာ ၁၂ ရက်နေ့လည့် ၃ နာရီချိန်က အ.ထ.က မင်းလှ( မြို့ပြင်)ကျောင်းရှေ့၌ ဆောင်ရွက်ခဲ့သည်။

လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်ရဲ တပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ပညာရေးဝန်ထမ်းများ ပူးပေါင်း၍အသက် ၁၂ နှစ်အထက် ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေး "ကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်သော အနာဂတ်ပန်းခင်းများဆီသို့ ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးကြပါစို့" အသိပညာပေးလက်ကမ်း စာစောင်များကို လမ်းသွားလမ်းလာအလာပြည်သူများကို ဖြန့်ဝေပေးခြင်းဆောင်ရွက်ခဲ့သည်။

ဆက်လက်၍  မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့မှ အဆိုပါအသက် ၁၂ နှစ်အထက် ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံနိုင်ရေးအတွက် သရက်တပင်တာဆုံနေရာနှင့် လူအများမြင်သာသည့်နေရာများတွင် လိုက်လံ၍ အသိပညာပေးဗီနိုင်းကြော်ငြာဆိုင်းဘုတ်များ ကပ်ထားခြင်းကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ပေါက်စ မင်းလှ