ရေဦး အောက်တိုဘာ ၁၃
ရေဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ယနေ့နံနက် ၁၀နာရီအချိန် က နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဘိုးများ စာအုပ်အားစာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် ၂၀၂၁ ခုနှစ်၊ ဇွန်လထုတ် နိုင်ငံ၀န်ထမ်းကျင့်၀တ်ဆိုင်ရာ စံတန်ဖိုးများစာအုပ်ကို မြို့နယ်ဦးစီးမှုး ဒေါ်ခိုင်ဇင်က ဖတ်ကြားခဲ့သည်။
အဆိုပါစာအုပ်တွင် နိုင်ငံ၀န်ထမ်းများထားရှိရမည့် စံတန်ဖိုးသတ်မှတ်ချက်များ၊ ပြည်သူကိုဗဟိုပြု နိုင်ငံ၀န်ထမ်းဖြစ်လာစေရန် ကတိက၀တ်ပြုခြင်း၊ လုပ်ငန်းတာ၀န်များကိုဇွဲ၊ လုံ့လ၊ ဝိရီယဖြင့် တိကျမှန်ကန်မြန်ဆန်ထိရောက်စွာ ဆောင်ရွက်ခြင်း၊ ရိုးသားဖြောင့်မတ်ခြင်း ဂုဏ်သိက္ခာရှိခြင်းနှင့် ယုံကြည်ထိုက်ခြင်း၊ ထူးချွန်ပြောင်မြောက်မှုနှင့် အတတ်ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုရှိခြင်း၊ အားလုံးပါ၀င်၍ ပူးပေါင်းဆောင်ရွက်မှုရှိခြင်း၊ ဘက်လိုက်မှု၊ အဂတိလိုက်စားမှုတို့မှ ကင်းရှင်းပြီး တရားမျှတစွာ ဆောင်ရွက်တတ်စေခြင်း၊ ပွင့်လင်းမြင်သာမှု၊ တာ၀န်ယူမှုနှင့် တာ၀န်ခံမှုရှိခြင်း အချက်များပါ၀င်ပြီး ၀န်ထမ်းတစ်ဦးချင်းစီတွင်ထားရှိရမည့် စံတန်ဖိုးများကို သိရှိလိုက်နာ ကျင့်ကြံသွားမည်ဆိုပါက နိုင်ငံ့၀န်ထမ်းကောင်းများဖြစ်လာမည့် လမ်းညွှန်ချက်များ ရေးသားထားကြောင်း သိရသည်။
ရေဦး