စက်သုံးဆီ၊ ဆေးဝါး၊ ရွှေ၊ ငွေကြေးနှင့်အခြေခံစားကုန်များ ဈေးကွက် စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေးအဖွဲ့ နှင့် နေပြည်တော်ကောင်စီ စပါး၊ ဆန်ဝယ်ယူရေးကြီးကြပ်မှု လုပ်ငန်းအဖွဲ့တို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

နေပြည်တော် အောက်တိုဘာ ၁၃

စက်သုံးဆီ၊ ဆေးဝါး၊ ရွှေ၊ ငွေကြေးနှင့် အခြေခံစားကုန်များ ဈေးကွက်စောင့်ကြည့်စစ် ဆေးကြပ်မတ်ရေး အဖွဲ့ နှင့် နေပြည်တော်ကောင်စီ စပါး၊ ဆန်ဝယ်ယူရေးကြီးကြပ်မှု လုပ်ငန်းအဖွဲ့တို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ(၃)နာရီတွင် နေပြည်တော် ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း က စက်သုံးဆီ၊ ဆေးဝါး၊ ရွှေ၊ ငွေကြေးနှင့် အခြေခံစားကုန်များ ဈေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့နှင့် နေပြည်တော် ကောင်စီ စပါး၊ ဆန်ဝယ် ယူရေးကြီးကြပ်မှုလုပ်ငန်းအဖွဲ့တို့၏ လုပ်ဆောင်ရမည့် လုပ်ငန်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်း တင်ပြဆွေးနွေးကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်က လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးပေးခဲ့ကြောင်းသိ ရသည်။

ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)