သီပေါ အောက်တိုဘာ ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်း အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်း ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ပညာရေးဌာနမှ တာဝန်ရှိသူများက ပြင်ဆင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းများရှိ အသက် ၁၂ နှစ်အထက် ကျောင်းအပ်နှံထားသူများကို ကိုဗစ်ကာကွယ်ဆေး Sinovac အား ပထမအကြိမ်အဖြစ် ၂၀၂၁ခုနှစ် အောက်တိုဘာလအတွင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ဒုတိယအကြိမ်အဖြစ် နိုဝင်ဘာလ ဒုတိယအပတ်နှင့် ဒီဇင်ဘာလ ပထမအပတ်အတွင်း ထိုးနှံပေးသွားမည် ဖြစ်ကြောင်း၊ ဆေးထိုးစုရပ်နေရာ(၅)နေရာတို့တွင် ထိုးနှံပေးနိုင်ရန် စီစဉ်ဆောင်ရွက် ထားရှိကြောင်း၊ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် အသိပေးဗီနိုင်းပိုစတာများ စိုက်ထူဆောင်ရွက် ထားခြင်းနှင့် အသံချဲ့စက်ဖြင့် အသိပေး တိုက်တွန်းနှိုးဆော်ခြင်းများကို ဆောင်ရွက်ထားရှိ ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
ခင်လေး(သီပေါပြန်/ဆက်)