မြဝတီမြို့၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာအသိပညာပေး Talk Show ပြုလုပ်

မြဝတီ အောက်တိုဘာလ ၁၃

ကရင်ပြည်နယ်၊ မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community centre)ခန်းမတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့်ခရိုင်လူမှု ဝန်ထမ်းဦးစီး ဌာနတို့ ပူးပေါင်း၍   ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ် သည်။

အဆိုပါ အသိပညာပေး Talk Show တွင် မြဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီး ဌာနမှ ဦးစီးအရာရှိဒေါ်အေးအေးသီက မိမိတို့ဌာနအနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်း အသိပညာ ပေးလုပ်ငန်းများကို Facebook page များဖွင့်လှစ်ကာ Online မှတစ်ဆင့်အသိပညာပေးနေ ကြောင်းနှင့် Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြဝတီခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူးဦးသီဟနိုင်က လူမှု ဝန်ထမ်းဦးစီးဌာနနေဖြင့် လူမှုဝန်ထမ်းလုပ်ငန်း(၇)ရပ်ကိုသတ်မှတ်ပြီး ပြည်သူများ၏ လူမှုရေး ဆိုင်ရာဝန် ဆောင်မှုများကို အကောင်အထည်ဖော်ဆောင်ရွက်ရှိကြောင်း၊ သိမှတ်ဖွယ်ရာ ကလေးတို့ ၏ အခွင့်အရေးများ၊ ကုလသမဂ္ဂညီလာခံသဘောတူစာချုပ် ကလေးသူငယ်အခွင့် အရေးများ အကျဉ်းချုပ်၊ ကလေးများ အပေါ်မတော်မတရားပြုမှုခြင်း၊ အကြမ်းဖက်ခြင်း၊ ကလေးများ အပေါ်ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းနှင့့််က လေးသူငယ်များ ကာကွယ်စောင့်ရှောက်ရန်လိုသော ကလေးသူငယ်များ အဖြစ်သတ်မှတ်သည့် အချက်(၁၆)ချက်ကိုလည်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

မန်းသန်းရွှေမြင့်(ပြန်/ဆက်)