ကျိုက်လတ် အောက်တိုဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ယနေ့နံနက် ၈နာရီက အသက် (၅၅)နှစ်အထက် ပြည်သူများ၊ မသန်စွမ်းသူများ၊ နာတာရှည်ရောဂါရှိသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် အသက်(၅၅)နှစ်အထက် ပြည်သူများ၊ မသန်စွမ်းသူများ၊ နာတာရှည်ရောဂါ ရှိသူများအား အထက(၁)တွင်(၂၇၀) ဦးအထက(၃)တွင် (၂၇၆)ဦး လှိုင်းတာကျေးရွာတွင် (၁၂၅) ဦး၊ လေလံပင်-လမုလေးကျေးရွာ တွင်(၁၄၉)ဦး၊ သပြေတန်းကျေးရွာတွင် (၁၁၀)ဦး၊ ဖောင်ရိုးဆိပ်ကျေးရွာတွင်(၈၅)ဦး၊ စုစုပေါင်း(၁၀၁၅)ဦး အားစုရပ်(၆)နေရာဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးများ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဌေးဌေးလှိုင်
ကျိုက်လတ် ပြန်/ဆက်