ကံမ အောက်တိုဘာ ၁၃
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်အတွင်းရှိ အသက် ၁၂ နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နေ့လယ် ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကံမမြို့နယ် အတွင်းရှိ အခြေခံပညာ အလယ်တန်း၊ အထက်တန်းကျောင်းများမှ ဆရာ/ဆရာမကြီးများ တက်ရောက်ခဲ့ကြသည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာ၌ ကာကွယ်ဆေးထိုးနှံပေးမည့် စုရပ်နေရာ ၁၅ နေရာတွင် ကာကွယ်ဆေးထိုးနှံရေးအဖွဲ့ ၆ ဖွဲ့ဖြင့် ကံမမြို့နယ်အတွင်းရှိ အထက်တန်း၊အလယ်တန်းကျောင်း ၃၂ ကျောင်းမှ အသက် ၁၂ နှစ်အထက် ကျောင်းသား/ကျောင်းသူ ၂၈၆၇ ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဇေယျဝင်း